Thursday, January 3, 2013

၆၅နှစ်မြောက်လွတ်လပ်ရေးနေ့အမှတ်တရ

သူတို့
တိုင်းပြည်ကိုချစ်ခဲ့ကြတရ်

သူတို့
ကိုယ်ကျိုးကိုစွန့်ခဲ့ကြတရ်

သူတို့
တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ကြတရ်

သူတို့
လှပတဲ့ မြန်မာပြည်ကို ဖန်ဆင်းပေးခဲ့တရ်

သူတို့ထားခဲ့တဲ့
လွတ်လပ်ရေးအသီးအပွင့်ကို စားသုံးလို့
ငြိမ်းချမ်းလွတ်လပ်တဲ့ 
ဟောဒီအမိမြေပေါ်မှာ
ငါတို့ရဲ့ဝိညဉ်တွေ လွတ်လပ်စွာရှင်သန်ခဲ့ကြ
ဒါ. .  . .သူတို့အားလုံးရဲ့
ကျေးဇူးတော် အနန္တပေါ့

မမေ့သင့်ပါဘူး မမေ့ထိုက်ပါဘူး
ကျေးဇူးတရားဆိုတာ
မေ့ကောင်းသောအရာမှ မဟုတ်ခဲ့တာ

ဒီလိုနဲ့ပဲ
မေ့ရက်စရာမရှိတဲ့
သမိုင်းစာမျက်နှာ ၆၅ ကိုအနော်ဖတ်ရင်း
အနော့်ရင်မှာ ၀မ်းသာပီတိတွေလည်းဖြစ်လို့

သူတို့စိုက်ပျိုးခဲ့ကြသော
လွတ်လပ်ရေးရဲ့အသီးအပွင့်
တို့မြိန်ရှက်စွာစားသုံးနေပေမဲ့
ပြန်တွေးကြည့်တော့
ပေးဆပ်ခဲ့ကြတဲ့ သူတို့သမိုင်းစာမျက်နှာ
ရင်နာ လွမ်းဆွတ် ကြေကွဲစရာ

ဝမ်းသာခြင်း ၀မ်းနည်းခြင်း နှစ်ခုကြားက
မျက်ရည်များစွာနဲ့အနော်
သူတို့အတွက်
ဂုဏ်ပြုမှတ်တမ်းတေးတစ်ပုဒ်သီကျူးရင်း
အနော်ပြုသမျှ ကုသလကို
ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ 
သူတို့အာလုံး
ရောက်ရာအရပ်က ကြားနိုင်ပါစေ
တောင်းဆု အမျှတွေဝေရင်း
ရောက်ရာအရပ်က သာဓုခေါ်လို့
လူ နတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာတွေရပါစေကြောင်း
အနော်သတိုးဆုတောင်းရင်း
၆၅နှစ်မြောက်လွတ်လပ်ရေးနေ့ကို
အနော်.....
လေးစားဂုဏ်ပြုကြိုဆိုလျှက်...

No comments:

Post a Comment