Tuesday, January 29, 2013

အတူရှိနေခွင့်များရခဲ့ရင်

ငါက
နင့်မျက်နှာလေးကို
ကြည့်ပြီးအပန်းဖြေချင်ရုံ
သက်သက်ပါ.....
နင်ချွေးမသုတ်ပေးပေမယ့်
အတွေးနဲ့တင်ကျေနပ်ပါတယ်.....
ငါက
နင့်အပြုံးကိုငေးပြီး
ဘဝကိုတေးဆိုချင်သူပါ
နင်ချော့မသိပ်ပေမယ့်
နှစ်ခြိုက်စွာအိပ်ပျော်စေခဲ့တယ်.....
ငါလေ
နင့်စကားတစ်ခွန်းထဲနဲ့
အားလုံးကိုစိန်ခေါ်ခဲ့တာပါ.....
နင်ချစ်တယ်လို့မပြောပေမယ့်
ငါချစ်နေရရုံသက်မှက်ချက်လေးနဲ့
528 အချို့ကိုကျောခိုင်းခဲ့တယ်.....
ငါက
နင်လက်ကလေးကိုကိုင်ပြီး
ကမ္ဘာဆုံးတိုင်လျှောက်ချင်သူပါ
နင်မလိုက်ချင်တောင်
ငါရင်ခွင်မှာတံဆိပ်ရိုက်ထားတဲ့
နင့်ပုံရိပ်လေးတွေနဲ့
အနာဂတ်ကိုတူးကြည့်နေတယ်
တကယ်လို့

တကယ်လို့ပေါ့နော်

နင်နဲ့သာအတူရှိနေခွင့်ရရင်

ငါလေ.................။

မိုးဝသန်ကို

No comments:

Post a Comment