Labels
- Buddha (3)
- ကဗျာ (53)
- ဒဿန (46)
- ဗဟုသုတ (19)
- ဘာသာရေးဆောင်းပါး (18)
- အလှပုံများ (36)
- အမေပုံရိပ်များ (1)
Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts
Sunday, March 31, 2013
Wednesday, March 27, 2013
အမှန်နဲ့ အမှား
မှန်တရ်ထင်လို့လုပ်လိုက်မိတဲ့အမှား တဲ့
ခြေလှမ်းမှားသွားတာပါ
အမှန်ကိုပြုပြင်ရင်း မှားသွားမိတဲ့အမှားတဲ့
နောက်ထပ်မမှားဖို့သူကြိုးစားနေမှာပါ
မှားမှန်းမသိလို့ ဆက်လုပ်မိတဲ့အမှားတဲ့
တော်တော်ရိုးအတာပဲဗျာ
မှားမှန်းသိလျှက်နဲ့ ဆက်မှားနေမိတဲ့ အမှားတဲ့
သနားစရာပဲဗျာ
အမှားဆိုရင် ဘယ်အမှားမှ မကောင်းပေမဲ့
မှားမှန်းသိလျှက်နဲ့
ဆက်မှားချင်တဲ့ အမှားကတော့
မိုက်ရူးရဲဆန်တဲ့ အဖြစ်သနစ်ပါ
အမှားကိုအမှားနဲ့ပေါင်းကြည့်လေ
အမှန်မှ ထွက်မလာပဲ
ဆိတ်ပါများတော့ အနာဖြစ်တတ်တရ်
စုပါများတော့တောင်ပို့ဖြစ်တရ်လေ
ပင်လယ်ကြီးထုထည်ကြီးမားလိုက်တာလို့ မပြောလေနဲ့
မိုးရေစက်လေးတွေ တစ်ပေါက်ခြင်း ဖွဲ့စည်းထားတာ
သင်..... မသိရော့လေသလား
ဆင်ခြေပေးပြီး ထွက်ပေါက်ရှာတဲ့အခါ
မမှားသောရှေ့နေ မသေသောဆေးသမား
ဒီလိုနဲ့ပဲ
အမှားဝင်္ကဘာထဲက
ထွက်ပေါက်ရှာမရတဲ့ အဖြစ်ကိုတော့
သနားမိပါရဲ့
ခြေလှမ်းမှားသွားတာပါ
အမှန်ကိုပြုပြင်ရင်း မှားသွားမိတဲ့အမှားတဲ့
နောက်ထပ်မမှားဖို့သူကြိုးစားနေမှာပါ
မှားမှန်းမသိလို့ ဆက်လုပ်မိတဲ့အမှားတဲ့
တော်တော်ရိုးအတာပဲဗျာ
မှားမှန်းသိလျှက်နဲ့ ဆက်မှားနေမိတဲ့ အမှားတဲ့
သနားစရာပဲဗျာ
အမှားဆိုရင် ဘယ်အမှားမှ မကောင်းပေမဲ့
မှားမှန်းသိလျှက်နဲ့
ဆက်မှားချင်တဲ့ အမှားကတော့
မိုက်ရူးရဲဆန်တဲ့ အဖြစ်သနစ်ပါ
အမှားကိုအမှားနဲ့ပေါင်းကြည့်လေ
အမှန်မှ ထွက်မလာပဲ
ဆိတ်ပါများတော့ အနာဖြစ်တတ်တရ်
စုပါများတော့တောင်ပို့ဖြစ်တရ်လေ
ပင်လယ်ကြီးထုထည်ကြီးမားလိုက်တာလို့ မပြောလေနဲ့
မိုးရေစက်လေးတွေ တစ်ပေါက်ခြင်း ဖွဲ့စည်းထားတာ
သင်..... မသိရော့လေသလား
ဆင်ခြေပေးပြီး ထွက်ပေါက်ရှာတဲ့အခါ
မမှားသောရှေ့နေ မသေသောဆေးသမား
ဒီလိုနဲ့ပဲ
အမှားဝင်္ကဘာထဲက
ထွက်ပေါက်ရှာမရတဲ့ အဖြစ်ကိုတော့
သနားမိပါရဲ့
Monday, March 25, 2013
ကောင်မလေးထံသို့ပေးစာ
ကောင်မလေးရေ
သတိုးရဲ့စာအရေးသားက အချစ်ကဗျာ အချစ်စာတွေမဟုတ်လေတော့ ကောင်မလေး
အတွက်ဖတ်ရတာactive မဖြစ်လာပဲ ငြီးငွေ့ပျင်းရိနေမှာပေါ့နော်
သတိုးကိုလည်း ချစ်တတ်တဲ့အသည်းနှလုံးကော ရှိရဲ့လားလို့လည်း ရိုးမရ်ဖွဲ့နေချင်နေမှာပေါ့
ကောင်မလေးရေ သတိုးမှာ အသည်းနှလုံးမရှိရင် သတိုး ဘယ်လိုအသက်ရှင်ပါ့မလဲ
တကယ်တမ်းကျတော့ ကောင်မလေးရေ တစ်ခါတစ်ခါ မှာ
ရမ္မက်တွေက အချစ်ဟန်ဆောင်ပြီး သတိုးနှလုံးသားတစ်စုံကို လာလာနှောက်ယှက်နေတာကော
ကောင်မလေးသိရဲ့လား ။သိလိုက်စမ်းပါကောင်မလေးရေ
လူသားတိုင်းမှာ အချစ်ဆိုတာ ဘာသာရပ်တစ်ခုအဖြစ် သင်ကြားစရာမလိုပဲ
သူ့အလိုလို တတ်မြောက်လာတတ်တဲ့ ကဗျာဆန်တဲ့ တေးသွားတစ်ပုဒ်လိုပါပဲ
နှလုံးသားရှိသူတိုင်း အချစ်ဆိုတာ မွေးဖွားလာပြီဆိုကတည်းက သန္ဓေပါလာကြပြီးသားပါ
ဟုတ်တရ်မို့လားကောင်မလေးရေ ...စဉ်းစားကြည့်လိုက်စမ်းပါ
ကောင်မလေးရေ...
****အချစ်ဆိုတာ ဆားငန်ရေကိုသောက်ရသလိုပဲ****
အဲဒီလိုဆိုရိုးစကားတွေရှိလေရဲ့နော်
ဟုတ်မှာပါ အချစ်ဆိုတာ သောက်လေသောက်လေ ငတ်မပြေတဲ့ဆားငန်ရေ သောက်မိသလိုနေမှာပါ
သတိုးလေ...အမိုးချက်တဲ့ ငန်ပြာရည်အတို့မြုတ်ကို စားမိတဲ့တစ်နေ့ အဲဒီနေ့ဟာ
ရေကို ဘယ်လောက်သောက်သောက် ရေငတ်တဲ့သူပမာမျိုးပေါ့
ဝတရ်လို့မရှိတဲ့ ဒီရေဟာ ဆားငန်ရေလို ငန်ပြာရည်ချက်စားလိုက်တဲ့နေ့တစ်နေ့ပါပဲ
ဟုတ်ပါတရ် အချစ်ဆိုတဲ့ဒီသဘောတရားဟာလည်း ဒီအတိုင်းပဲနေမှာပါ
ကောင်မလေးသိထားဖို့က အချစ်ဆိုတာ နှလုံးသားကပေါက်ဖွာားလာတိုင်း
အချစ်မဟုတ်ဘူးဆိုတာကိုပါပဲ
တစ်ခါတစ်ခါ အချစ်ဟန်ဆောင်ပြီး သူ့အလှမှာ ရစ်မူးတတ်တဲ့ ရမ္မက်ဆိုတဲ့ တပ်မက်မှု့ကို
အချစ်လို့သတ်မှတ်မိမှာစိုးလို့ပါ
အချစ်က အချစ်ကို ပြန်သတ်တတ်တရ်လေ ပြီးတော့ အချစ်က အချစ်ကို
မမြင်နိုင်တဲ့ စွမ်းဆောင်အားတွေပေးတတ်ပါတရ်
အဲဒီတော့ကောင်မလေးရေ
ကောင်လေးတစ်ယောက်က ကောင်မလေးကို ချစ်ရေးဆိုလာပြီဆိုပါစို့
အဲဒီကောင်လေးက ငါ့ရဲ့အလှတရားမှာ ရစ်မူးနေခြင်းမျိုးလား ငါ မလှတော့ရင်ကော
ငါ့ကို ဆက်ချစ်နိုင်ပါဦးမလား ဒါမှမဟုတ် သူ့အလိုဆန္ဒတွေပြည့်ဖို့ ငါ့ကိုချစ်ခဲ့ခြင်းပေလား
ငါရဲ့အချစ်ကိုကော တန်ဖိုးထားမြတ်နိုးမှု့ကောရှိရဲ့လား
သူနဲ့ကော ထာဝရလက်တွဲလို့ကော ဖြစ်နိုင်ပါ့မလား သူကကော ငါ့ကို အရာရာမဟုတ်ရင်တောင်
ဘယ်အတိုင်းတာထိ နားလည်ပေးနိုင်စွမ်းရှိသလဲ သူကငါ့ကို ချစ်တရ်ဆိုတော့ သူဟာ
ငါနောက်ကွယ်မှာ ငါ့ထက်သာတဲ့ သူတစ်ယောက်များ ရှိနေဦးမှာလား
ပြီးတော့ ငါ့ရဲ့ဘာသာရေးကိုင်းရှိုင်းမှု့ကို ခွင့်ပြုသူကောဖြစ်ရဲ့လား
သူဟာကော ဘယ်လိုအသိုင်းဝိုင်းမျိုးလဲ ပြီးတော့ကော ဘယ်လိုအဆင့်တန်းမျိုးလဲ
လူမှု့ဆက်ဆံရေးနယ်ပယ်မှာကော ဘယ်လောက်ဝန်ဆန့်မှု့ရှိသလဲ
သူဟာ ဘာကိုးကွယ်ယုံကြည်တဲ့သူမျိုးလဲ အားလုံးသိအောင်လုပ်ဖို့ အရေးကြီးတာပေါ့
ကောင်မလေးရေ ရင်ခုန်တတ်တိုင်းအချစ်မဟုတ်ဘူးဆိုတာကိုပါ
အချစ်ဆိုတာ တစ်သက်မှာ တစ်ခါ တစ်ခါမှာ တစ်ယောက်တည်း သစ္စာရှိနေသူဖြစ်နေဖို့ပါပဲ
ကောင်မလေးရေ ....
***အချစ်ငတ်သော မိန်းမနဲ့ မချစ်တတ်သောယောင်္ကျား****
ဒီစာလေးကို ကြားဖူးတရ် နော် အချစ်ငတ်သူမဖြစ်စေနဲ့ အချစ်တတ်အောင်ပဲသင်ပါ
မချစ်တတ်တဲ့ယောင်္ကျားနဲ့တွေ့ရင် အချစ်ငတ်တဲ့ ကောင်မလေး ပစ်ပြေးသွားမှာစိုးလို့ပါ
ယောင်္ကျားဆိုတာ ကျားဖြစ်တဲ့အတွက် အသားစာ တဲ့ သတ္တဝါလို့တောင်တင်စားပေလိမ့်မရ်
အသားစားသတ္တဝါဆိုတာ သားကောင်ကိုတော့ ချမ်းသာပေးမရ်မထင်နဲ့လေ
ဒီလိုမျိုးတွေရေးရင် သတိုးကကော အသားစားတဲ့ကျားပဲမဟုတ်လားလို့ ရိုးမရ်ဖွဲနေမဲ့ယောင်္ကျားတွေ
ရှိချင်ရှိနေမှာပါ ....
ရှိပါစေကောင်မလေးရေ သတိုးဆိုတဲ့ ငတိက အချစ်ကို ချစ်တတ်အောင်သင်နေတရ်ဆိုတာ
သိချင်မှသိမှာပေါ့ အချစ်ဆိုတာ နှစ်မျိုးနှစ်စားလေ
တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေလို ချစ်ခင်ကြင်နာမှု့မျိုးက တစ်မျိုး
သူကအရောင်မဆိုးထားဘူး အမြဲဖြူစင်တရ် မြင့်မြတ်တရ်
ကူညီရိုင်းပင်းတတ်တာပေါ့
အရောင်ပါတဲ့ရေလို နှလုံးသားကို နှောက်ကျိစေတဲ့ အချစ်မျိုးကတော့
ပြီးတော့ အဲဒီချစ်ခြင်းမျိုးဟာလည်း တစ်ယောက်တည်းပဲ ဖြစ်ချင်တရ်
အဲဒီအချစ်မျိုးကိုလည်း တန်ဖိုးထားတတ်သလို အဲဒီအချစ်မျိုးကိုလည်း လေးနက်တဲ့ ပြယုဂ်တစ်ခု
ပဲဖြစ်ချင်တရ် ကောင်မလေးရေ သတိုးပြောတာနားလည်နိုင်ပါ့မလား
တစ်ခါတစ်ခါ စဉ်းစားမိတရ်
အင်တာနက်စာမျက်နှာမှာ အချစ်စာတွေ အချစ်ကဗျာတွေလောက်
လူသားတွေရဲ့ နှလုံးသားကို active ဖြစ်စေတာကို တွေ့ရတော့
အော် အချစ်အချစ် ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းကို
လှည့်ဖျားသွေးဆောင်တတ်ပါလားဆိုတာ ကိုသိလိုက်ရတရ်
စိတ်မဆိုးနဲ့နော်ကောင်မလေး
တစ်ခါတစ်ခါမှာ အွန်လိုင်းပေါ်မှာ အချစ်ရယ် မင်းကိုတော့ကိုယ့်လွမ်းလှပြီ
အချစ်ကော မောင့်ကိုမလွမ်းဘူးလား
မောင့်ကိုလွမ်းတာပေါ့ချစ်သူရယ် ဒါဆိုဖုန်းဆက်လိုက်လေ ကောင်းတာပေါ့
ဖုန်းဆက်အပြီး ဘယ်နေရာလာခဲ့ရမလဲ ချိန်းလို်က်လေ ဘယ်နေရာလာခဲ့ပါပေါ့
အဲဒီလိုမျိုးတွေ ခနခနတွေ့ရရင် သတိုးလေ ကောင်မလေးကိုသနားမိပြန်ရော
ကောင်မလေးရေ ကိုယ့်ရဲ့ချစ်သူကို နှလုံးသားနဲ့ချည်းဆုံးဖြတ် လိုက်လေသလား
ခြေတစ်လှမ်း ကုဋေတစ်သန်း ဗိုင်းကောင်းကျောက်ဖိ ဆိုရိုးစကားတွေကော
ပျောက်ကွယ်သွားပြီလား ကောင်မလေးရေ တကယ်တော့ အချစ်ဆိုတာ
တန်ဖိုးထားရမဲ့အရာမျိုးပါ ကလေကချေအချစ်က ကလေကချေဆန်လွန်းနေမှာပေါ့နော်
ကောင်မလေးရဲ့တန်ဖိုးဟာ ကောင်မလေးသတ်မှတ်ရမဲ့ အရာပဲဆိုတာကော သိစေချင်တရ်
သေချာပါတရ် ကောင်မလေး သတိုးဒီအတိုင်းရေးလို့ ဘယ်ကောင်တွေ ကောင်မတွေက
ငါတို့အတင်းကို လျှောက်ရေးနေသလဲလို့ကော အတင်းတုတ်နေကောင်းပါရဲ့
မတတ်နိုင်ဘူးကောင်မလေးရေ
တန်ဖိုးဆိုတာ တန်ကျေးသိတဲ့သူတဲ့ သူတွေမှပဲ ရှိတာပါ
ဘယ်အရာဖြစ်ဖြစ်ပေါ့ကောင်မလေးရေ
တန်ဖိုးရှိကြတာပေါ့ အဲဒီတော့ ကောင်မလေးအနေနဲ့
မိမိကိုယ်ကို တန်ကျေးရှိမိန်းခလေးဖြစ်အောင်ကျိုးစားပါလို့ သတိုးတိုက်တွန်းလိုက်ချင်တရ်
နောက်ထပ်လဲကောင်မလေးထံပေးစာများကို ရေးပို့ပေးမရ်နော်
ကောင်မလေးနားလည်နိုင်ပါစေ
ကလေကချေမဆန်သော အချစ်များစွာနဲ့ ချစ်စွာသော
လေးစားလျှက် (သတိုးဟန်)
Sunday, March 24, 2013
ဦးဘုန်းပြောသော ခေါင်းဆောင်ကောင်းဆိုတာ
*******ခေါင်းဆောင်ကောင်းဆိုတာ********
*ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက်
ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက်
ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
မေတ္တာနန်းတော်ကြီးပိုင်ဆိုင်ဖို့ ပိုပြီးအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေရွှေတွေ စီခြယ်ထားတဲ့
သရဖူကို ဦးခေါင်းမှာဆင်မြန်းဖို့ထက်
အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ
ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက်
တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီးအရေးကြီးတရ်...။
......................................ဦးဘုန်း၊ဓာတု၊မန်းလေး။.................
*ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက်
ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက်
ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
မေတ္တာနန်းတော်ကြီးပိုင်ဆိုင်ဖို့ ပိုပြီးအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေရွှေတွေ စီခြယ်ထားတဲ့
သရဖူကို ဦးခေါင်းမှာဆင်မြန်းဖို့ထက်
အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ
ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုအရေးကြီးတရ်
*ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက်
တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီးအရေးကြီးတရ်...။
......................................ဦးဘုန်း၊ဓာတု၊မန်းလေး။.................
Thursday, March 14, 2013
Don't Write.
Don't write your name on sand, waves will wash it away.
Don't write your name in sky, wind may blow it away.
Write your name in hearts of people you come in touch with.
That's where it will stay.
Tuesday, March 12, 2013
Monday, March 11, 2013
အရေးကြီးဆုံးသောအရာ
ဘဝမှာအရေးကြီးဆုံးက
ဘွဲ့ဒီဂရီတွေမဟုတ်သလို
အဆောင်အယောင်အခမ်းနားတွေလည်း
ဟုတ်မရ်မထင်ပါဘူး
လောကကြီးထဲမှာ
ရှာလို့မရတဲ့
ကိုယ့်နှလုံးအိမ်ထဲက
ကိုယ့်ကျင့်တရားသာလျှင်
အရေးကြီးဆုံးပဲပေါ့ဗျာ
ကိုယ့်ကျင့်တရားသာလျှင်
ကိုယ့်ရဲ့ကိုးကွယ်ရာပေါ့
Thursday, March 7, 2013
ငါ ဘယ်လိုလူစားလဲ
ဝီလျမ်ဆန် ရဲ့အရေးသာလေးကလည်း သဘောကျစရာပါဗျာ
လူတွေက ကိုယ့်ကိုကိုပြန်မေးကြတရ်။ ငါ ဘယ်လိုလူစားဖြစ်လာမလဲ
လူတော်လား ပါရမီရှင်လား ရှားမှရှားတဲ့ကလားပေါ့
တကယ်တမ်းမေးသင့်တာက ကိုယ့်အနေနဲ့ ဘယ်လိုလူစားမဖြစ်သင့်ဘူးလဲဆိုတာပါတဲ့
ကောင်းလိုက်တာဗျာ
အဲဒါ ကိုယ့်ကိုကို ပြန်စမ်းစစ်တဲ့သဘောပါပဲ
မာနထောင်လွှားမှု့မရှိတဲ့သဘောပဲဗျ
လူသားတိုင်းမှာ လိုအပ်ချက်ကိုယ်စီရှိနေမှာပါ
အဲဒီထဲက ကိုယ့်လိုအပ်ချက်ကို ကိုယ်ကိုတိုင်ပဲ ရှာဖွေသင့်တာပေါ့နော်
အဲဒီထဲမှာ အပြစ်ဆိုတာကို ဖြစ်မလာအောင်နေထိုင်ဆင်ခြင်ဖို့
ဒီစာလေးက အသိပေးလိုက်တာပါ
သင်လိုချင်သောနေရာတစ်ခု
ဒါလေးကို ဖတ်လိုက်ရတာ ရင်ထဲမှာ တစ်မျိုးလေး...အရမ်းကို လေးစားစရာကောင်းတဲ့စာလေးပေါ့နော်
အင်ဒီရာ ဂန္ဒီ က ရေးတဲ့စာသားလေးပါ .........အရမ်းကို လေးစားစရာကောင်းတဲ့စိတ်ဓါတ်မျိုးလို့ပဲ
ပြောချင်ပါတရ်.။ ကျွန်တော့်အဘိုးက ကျွန်တော့်ကိုပြောဖူးတရ် .။လောကမှာ လူနှစ်မျိုးကွဲပြားနေတရ်
တစ်မျိုးက အလုပ်လုပ်တဲ့သူပေါ့ .။နောက်တစ်မျိုးက အလုပ်မလုပ်ပဲ နေရာတစ်ခုကို အချောင်ရချင်ပြီး
အကျိုးရလာဒ်ကိုပဲ အာရုံစိုက်တဲ့သူ ။ အဲဒီထဲမှာ သူအဘိုးက ပထမလူ ဖြစ်အောင်ကျိုးစားပါတဲ့ ပြောလိုက်
တရ်နော်....။ သေချာတာပေါ့ အနော်တို့မြန်မာနိုင်ငံမှာလည်း နေရာတစ်ခု ရဖို့ ဘယ်လိုနည်းနဲ့ရရဆိုပြီး
အာဏာရပြီး နေရာတစ်ခု ရဖို့ပဲ ကျိုးစားချင်ကျိုးစားချင်မှာပါ ။နိုင်ငံ့ကောင်းကျိုးအတွက် လူမျိုးကောင်းကျိုး
အတွက် ပါချင်မှပါမရ် ။ ဒီလိုပြောလို့လည်း စိတ်မဆိုးနဲ့ဗျ ။ အနော်တို့ ဒီမိုကရေစီဆိုတာကို အနော်
အများသိအောင်ရှာပြီး ဒီမိုကရေစီဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့တင်လိုက်တော့ တစ်ချို့ကအပြစ်ပြော
တရ်ဗျာ .။ဒီမိုကရေစီခေတ်ဆိုတော့ ဒီမိုကရေစီ ဆိုတာ ဘာလဲ ပြည်သူတွေသိဖို့လိုတာပေါ့
ဒါကြောင့်မို့ အနော်လည်း ဒီမိုကရေစီဆိုတာ မိမိတို့ပြည်သူနှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို
မဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ပြည့်သူ့အစိုးရလို့ ဒီလိုဖွင့်ပြန်တော့ ကြိုက်ချင်တဲ့သူက
နည်းလိမ့်မရ် ။ ဟုတ်တရ်ဗျ ။အနော်တို့ ခုမှ ကြုံဖူးတာပါ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ ပါတီအသီးသီးက၀င်ပြိုင်ရွေးကောက်ကြပါတရ် ။ အဲဒီထဲမှာ ရွေးကောက်ကြတော့
မဲလိမ်တွေကလည်း မကြုံဖူးပေါင် တောသုံးတောင်လို့ဆိုရမလားပဲဗျ ။ ပြသနာတတ်လိုက်ကြတာ
နိုင်ငံကောင်းကျိုးကို တကယ်လုပ်ချင်တဲ့သူတွေ များပါလားလို့တောင် အနော်ထင်မိသေးတရ် ။
ဟုတ်ပါပြီ ခင်ဗျားတို့ ကိုယ်အတွက်တစ်နေရာရတာ အရေးမကြီးဘူးလေ။ ကိုယ့်နိုင်ငံကောင်းကျိုးအတွက်
ကိုယ်ပါဝင်လှုပ်ရှားပြီး အမျိုးဘာသာလူမျိုးအတွက် လုပ်ကြပါ။ ခုမြန်မာနိုင်ငံမှာ နေရာတစ်နေရာက
အရေးမကြီးပါဘူးဗျ ။ ကိုယ့်နိုင်ငံကြီး ဘယ်လိုများ ဆင်းရဲမွဲတေမှု့မှနေပြီး ဘယ်လိုကြံဆောင်မလဲလို့
ပဲတွေးကြပါ ။ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်မှ တိုင်းပြည်က တိုးတတ်မှာပါ ။ အနော်က
ဘယ်ပါတီဝင်ကိုမှ အပြစ်မဆိုချင်ပေမဲ့ တိုင်းပြည်ကောင်းကျိုးလုပ်တဲ့ ပါတီဝင်တိုင်းကို အားပေးရမှာပဲ
ဘာလို့လည်း ဆိုတော့ အနော်တို့ မြန်မာနိုင်ငံမှာ ဘာသာအားဖြင့်လည်း ဗုဒ္ဒဘာသာဆိုတော့
အနော်တို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာသာသနာကို အားပေးတဲ့ခေါင်းဆောင်ကောင်းတွေမျိုး
ဖြစ်စေချင်တရ်ဗျာ။ ဒါရင်ထဲက လာတဲ့အနော်စေတနာပါ ။ ဘာလို့လည်း အနော်တို့ မြန်မာပြည်ကြီး
မှာ တခြားသော နိုင်ငံတွေလိုမဟုတ်တာတော့သေချာပါတရ် ။ ဘာလို့လည်းဆိုတော့ အရင်က
ပါကစ္စတန် နိုင်ငံဆိုရင် လည်း Buddhismပဲဗျ နောက် ဂျီဟတ်စစ်ပွဲဆိုတဲ့ ဘာသာရေးအစွန်းရောက်
သူတွေက အဲဒီလိုပါကစ္စတန်နိုင်ငံကို ၀ါးမြိုသွားခဲ့တာ နောက်ဆုံးတော့ ဘုရားရှင်တော်ရဲ့အဆုံးမတွေ
ပျောက်ကုန်ပါတရ် ။ သူတို့မွတ်တွေကလည်း ခက်တရ်ဗျ ။ 2100 ဆိုတဲ့ 21 ရာစုမှာ သူတို့လူမျိုး
သာ အယူဝါဒမှန်တရ် ။ တခြားသောဝါဒကို မရှိစေရဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်
နေတာဆိုတော့လေ ....ရင်လေးစရာလေးတွေကို သတိရှိရှိနဲ့ဆောင်ရွက်စေချင်ပါတရ်ဗျ ။
ဒီလိုသာ ပြုမူနေထိုင်ခဲ့မရ်ဆိုရင်လည်း အနော်တို့နိုင်ငံကြီး တိုးတက်စည်ကားလာမရ် ။
ဘာသာ သာသနာလည်း ထွန်းတောက်လာပါမရ် ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဟောဒီမြန်မာနိုင်ငံကို
အတုယူအားကျမဲ့ နိုင်ငံတွေတောင် များလာမရ်ဆိုတဲ့အကြောင်းလေးပါ ။ အားလုံးကို ပြောချင်တရ်
နေရာတစ်နေရာက အရေးမကြီးဘူး အဲဒီနေရာမှာ တကယ်အလုပ်လုပ်မဲ့ခေါင်းဆောင်ကောင်းတွေ
မွေးထုတ်နိုင်ပါစေလို့ အနော်သတိုးဆန္ဒပြုလိုက်ပါ့ရစေဗျာ။
အားလုံးကိုလေးစားလျှက်ပါ
အင်ဒီရာ ဂန္ဒီ က ရေးတဲ့စာသားလေးပါ .........အရမ်းကို လေးစားစရာကောင်းတဲ့စိတ်ဓါတ်မျိုးလို့ပဲ
ပြောချင်ပါတရ်.။ ကျွန်တော့်အဘိုးက ကျွန်တော့်ကိုပြောဖူးတရ် .။လောကမှာ လူနှစ်မျိုးကွဲပြားနေတရ်
တစ်မျိုးက အလုပ်လုပ်တဲ့သူပေါ့ .။နောက်တစ်မျိုးက အလုပ်မလုပ်ပဲ နေရာတစ်ခုကို အချောင်ရချင်ပြီး
အကျိုးရလာဒ်ကိုပဲ အာရုံစိုက်တဲ့သူ ။ အဲဒီထဲမှာ သူအဘိုးက ပထမလူ ဖြစ်အောင်ကျိုးစားပါတဲ့ ပြောလိုက်
တရ်နော်....။ သေချာတာပေါ့ အနော်တို့မြန်မာနိုင်ငံမှာလည်း နေရာတစ်ခု ရဖို့ ဘယ်လိုနည်းနဲ့ရရဆိုပြီး
အာဏာရပြီး နေရာတစ်ခု ရဖို့ပဲ ကျိုးစားချင်ကျိုးစားချင်မှာပါ ။နိုင်ငံ့ကောင်းကျိုးအတွက် လူမျိုးကောင်းကျိုး
အတွက် ပါချင်မှပါမရ် ။ ဒီလိုပြောလို့လည်း စိတ်မဆိုးနဲ့ဗျ ။ အနော်တို့ ဒီမိုကရေစီဆိုတာကို အနော်
အများသိအောင်ရှာပြီး ဒီမိုကရေစီဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့တင်လိုက်တော့ တစ်ချို့ကအပြစ်ပြော
တရ်ဗျာ .။ဒီမိုကရေစီခေတ်ဆိုတော့ ဒီမိုကရေစီ ဆိုတာ ဘာလဲ ပြည်သူတွေသိဖို့လိုတာပေါ့
ဒါကြောင့်မို့ အနော်လည်း ဒီမိုကရေစီဆိုတာ မိမိတို့ပြည်သူနှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို
မဲဆန္ဒပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ပြည့်သူ့အစိုးရလို့ ဒီလိုဖွင့်ပြန်တော့ ကြိုက်ချင်တဲ့သူက
နည်းလိမ့်မရ် ။ ဟုတ်တရ်ဗျ ။အနော်တို့ ခုမှ ကြုံဖူးတာပါ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ ပါတီအသီးသီးက၀င်ပြိုင်ရွေးကောက်ကြပါတရ် ။ အဲဒီထဲမှာ ရွေးကောက်ကြတော့
မဲလိမ်တွေကလည်း မကြုံဖူးပေါင် တောသုံးတောင်လို့ဆိုရမလားပဲဗျ ။ ပြသနာတတ်လိုက်ကြတာ
နိုင်ငံကောင်းကျိုးကို တကယ်လုပ်ချင်တဲ့သူတွေ များပါလားလို့တောင် အနော်ထင်မိသေးတရ် ။
ဟုတ်ပါပြီ ခင်ဗျားတို့ ကိုယ်အတွက်တစ်နေရာရတာ အရေးမကြီးဘူးလေ။ ကိုယ့်နိုင်ငံကောင်းကျိုးအတွက်
ကိုယ်ပါဝင်လှုပ်ရှားပြီး အမျိုးဘာသာလူမျိုးအတွက် လုပ်ကြပါ။ ခုမြန်မာနိုင်ငံမှာ နေရာတစ်နေရာက
အရေးမကြီးပါဘူးဗျ ။ ကိုယ့်နိုင်ငံကြီး ဘယ်လိုများ ဆင်းရဲမွဲတေမှု့မှနေပြီး ဘယ်လိုကြံဆောင်မလဲလို့
ပဲတွေးကြပါ ။ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်မှ တိုင်းပြည်က တိုးတတ်မှာပါ ။ အနော်က
ဘယ်ပါတီဝင်ကိုမှ အပြစ်မဆိုချင်ပေမဲ့ တိုင်းပြည်ကောင်းကျိုးလုပ်တဲ့ ပါတီဝင်တိုင်းကို အားပေးရမှာပဲ
ဘာလို့လည်း ဆိုတော့ အနော်တို့ မြန်မာနိုင်ငံမှာ ဘာသာအားဖြင့်လည်း ဗုဒ္ဒဘာသာဆိုတော့
အနော်တို့ရဲ့ခေါင်းဆောင်တွေဟာ ဘာသာသာသနာကို အားပေးတဲ့ခေါင်းဆောင်ကောင်းတွေမျိုး
ဖြစ်စေချင်တရ်ဗျာ။ ဒါရင်ထဲက လာတဲ့အနော်စေတနာပါ ။ ဘာလို့လည်း အနော်တို့ မြန်မာပြည်ကြီး
မှာ တခြားသော နိုင်ငံတွေလိုမဟုတ်တာတော့သေချာပါတရ် ။ ဘာလို့လည်းဆိုတော့ အရင်က
ပါကစ္စတန် နိုင်ငံဆိုရင် လည်း Buddhismပဲဗျ နောက် ဂျီဟတ်စစ်ပွဲဆိုတဲ့ ဘာသာရေးအစွန်းရောက်
သူတွေက အဲဒီလိုပါကစ္စတန်နိုင်ငံကို ၀ါးမြိုသွားခဲ့တာ နောက်ဆုံးတော့ ဘုရားရှင်တော်ရဲ့အဆုံးမတွေ
ပျောက်ကုန်ပါတရ် ။ သူတို့မွတ်တွေကလည်း ခက်တရ်ဗျ ။ 2100 ဆိုတဲ့ 21 ရာစုမှာ သူတို့လူမျိုး
သာ အယူဝါဒမှန်တရ် ။ တခြားသောဝါဒကို မရှိစေရဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်
နေတာဆိုတော့လေ ....ရင်လေးစရာလေးတွေကို သတိရှိရှိနဲ့ဆောင်ရွက်စေချင်ပါတရ်ဗျ ။
ဒီလိုသာ ပြုမူနေထိုင်ခဲ့မရ်ဆိုရင်လည်း အနော်တို့နိုင်ငံကြီး တိုးတက်စည်ကားလာမရ် ။
ဘာသာ သာသနာလည်း ထွန်းတောက်လာပါမရ် ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဟောဒီမြန်မာနိုင်ငံကို
အတုယူအားကျမဲ့ နိုင်ငံတွေတောင် များလာမရ်ဆိုတဲ့အကြောင်းလေးပါ ။ အားလုံးကို ပြောချင်တရ်
နေရာတစ်နေရာက အရေးမကြီးဘူး အဲဒီနေရာမှာ တကယ်အလုပ်လုပ်မဲ့ခေါင်းဆောင်ကောင်းတွေ
မွေးထုတ်နိုင်ပါစေလို့ အနော်သတိုးဆန္ဒပြုလိုက်ပါ့ရစေဗျာ။
အားလုံးကိုလေးစားလျှက်ပါ
Wednesday, February 27, 2013
အောင်မြင်ခြင်းရဲ့အစခြေလှမ်းများ
အနော် ဒီနေ့ ဘာတွေတင်ရမလဲလို့ပေါ့နော် အဲဒါကိုတွေးနေမိတရ်ပေါ့
အဲဒီလိုတွေးနေရင်း အနော်သယ်ရင်းတစ်ယောက်က အနော့်ကို လာပြောတရ်
ငါ လူချမ်းသာဖြစ်ချင်တရ်ကွာတဲ့ . . .အနော့်ကို ဘယ်လိုနေထိုင်လုပ်ကိုင်ရမလဲ
အဲဒီလိုမေးတရ် ဟာ ပြဿနာတော့ တတ်ပြီ ။ငါကဘယ်လိုပြောရပါ့လိမ့်ပေါ့
မင်းသိတဲ့အတိုင်းပြောကွာတဲ့ ။ အင်းပါ လောကမှာ လူတိုင်း မဆင်းရဲခြင်တဲ့ စိတ်
မျိုး ရှိကြတရ် ။ ဒါပေမဲ့ ဒါက တကယ်လားဆိုတော့ ပေါ့ပေါ့အတွေးမျိုးတွေပေါ့
လူချမ်းသာခြင်ရင် လူချမ်းသာဖြစ်ဖို့ နည်းလမ်းတော့ရှာရမှာပဲလေ .။ ဒါနဲ့ပဲ
အနော့်အကို အိုက်စံ ပြောပြခဲ့ဖူးတဲ့ ဘဝဒဿနလေးကို သူ့ကိုတင်ပြပေးမိတရ်။
အနော် ကိုးတန်းအောင်စာရင်းထွက်ခါစကပေါ့နော်
ဒီလိုလေးပဲ စလိုက်ကြရအောင်ဗျာ အနော့်အကို ကိုအိုက်စံက ခေါ်ပါတရ်
သတိုးရေ ...ငါ့ဆီလာခဲ့ဦးတဲ့ ။အနော်ကတော့ ဆယ်တန်းကျောင်းသားကြီးဖြစ်
တော့မယ်ဆိုတဲ့အရေးကို တွေး သယ်ရင်းတွေအားလုံးနဲ့ ဘီယာသောက် ဂစ်တာ
လေးခေါက်ပြီး ပျော်ပွဲလေးနွှဲနေတာ ။အကိုခေါ်တရ်ဆိုတော့လည်း သွားရတာပေါ့
နော်။ အကိုက သိပ်လည်းပျော်မနေနဲ့ဦးတဲ့ ဘဝက ခုမှ လှမ်းမလို့ရှိသေးတာ
ဒီအောင်မြင်မှု့လေးနဲ့ကျေနပ်မနေနဲ့ ဘာမှဟုတ်သေးတာမဟုတ်ဘူးပေါ့ ။
အောင်မြင်မှု့ဆိုတာ အထွတ်အထိပ်မရောက်သေးခင်မှာ မင်းကို မင်းအောင်မြင်
လှပြီထင်ပြီး အောက်ခြေလွတ်မနေနဲ့တဲ့ ။ ကောပါတော့တရ် .
အနော့်ကိုမေးတရ်ဗျ ။ သတိုးတဲ့ မင်းဆယ်တန်းမှာ ငါလိုဂုဏ်ထူးတွေ တသီကြီး
မရချင်ဘူးလားတဲ့ ဟာ ....အကိုကလည်းဗျာ ဘယ်လိုပြောလိုက်ပါ့လိမ့်
ရချင်တာပေါ့ လို့ဖြေလိုက်ပါတရ် .. .။ဒါဆို ခြေလှမ်းသစ်စဖို့ ငါ ပြောတဲ့အတိုင်း
လုပ်ရလိမ့်မရ်လို့ စကားတွေ စတင်လိုက်ပါတော့တရ် ။
ဟုတ်တရ် . . . .လူတိုင်းက အောင်မြင်မှု့ကို လိုချင်လားလို့မေးရင်
မေးတဲ့သူတိုင်းကလည်း လိုချင်ပါတရ်လို့ပဲဖြေလိမ့်မရ် . . . ဒါလွယ်လွယ်လေး
ပြောလိုက်တဲ့စကားမျိုးပဲတဲ့ . . . ။
တကယ်တမ်းကျ အဲဒီအောင်မြင်မှု့ရဲ့လမ်းကို ဘယ်လိုလျှောက်ရမရ်ဆိုတာကို
မစဉ်းစားဘူး ။ဆန္ဒရှိပြီး ဘဝနဲ့ထပ်တူမကျရင် ဘယ်အရာမှမကောင်းဘူးပေါ့
ဥပမာ မင်းမှာ ပန်းတိုင်တစ်ခုဆီ ဦးတည်ထားတရ်ဆိုပါစို့ အဲဒီပန်းတိုင်ကို
လျှောက်နေတဲ့သူတစ်ယောက်မှာ လမ်းသွယ်တွေလိုက်မသွားဖို့အရေးကြီးတရ်
ငါ ပန်းတိုင်ကိုမရောက်မချင်းသွားမရ်ဆိုတဲ့စိတ်ဓါတ်ကိုမွေးမြူရမရ်ပေါ့ ။
ကဲ မင်းသွားချင်တဲ့ပန်းတိုင်ကို မင်းသိသွားပြီဆိုတော့ ငါလည်းသင်စရာရှိတာ
သင်ချင်တရ်ဆိုပြီး အောင်မြင်မှု့ရဲ့နေနည်းထိုင်နည်းကိုစတင်ပါတော့တရ် ။
1.ကျန်းမာရေးကိုဂရုစိုက်ပါ
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတာ မင်းရောငါရော ကျောင်းသားတိုင်း
သိကြတရ် ။ ကျန်းမာရေးက အောင်မြင်မှု့ရဲ့ပထမသောချက်ပဲ ...
ဟုတ်တရ် မကျန်းမာရင် ဘာမှလုပ်လို့ကိုမရတာ စိတ်က ဘယ်လောက်ပဲ
ရှေ့ကိုဆောင်ဆောင် ရောက်အောင်သွားချင်တဲ့စိတ်က နောက်ပြန်ခေါက်ချင်တရ်
ဒါကြောင့် လူကျန်းမာအောင်နေ ကျန်းမာရေးကောင်းစေမဲ့လေ့ကျင့်ခန်းတွေ
များများလုပ် ။ ကျန်းမာရေးကို အထောက်အကူပေးမဲ့အစားစာမျိုးကိုစားပါ ။
ဟုတ်တရ်ဗျ ။လူကျန်းမာမှလည်း စိတ်ကျန်းမာရေးကလုပ်လို့ရမှာလေ . . .
ဘယ်သူပဲဖြစ်ဖြစ်ပါ အဲဒီအချက်ကအရမ်းကိုအရေးကြီးနေတော့တာပါ ။
စိတ်နဲ့ကိုယ်နဲ့က တခြားစီမှမဟုတ်တာပေါ့ ...ဟုတ်ပါတရ် ...။
2။တံခါးပေါက်ခြောက်ပေါက်ပိတ်လိုက်ပါတဲ့
အကိုပြောတဲ့ တခါးပေါက်က ဘာတွေလဲလို့မေးတဲ့အခါမှာ
အာရုံငါးပါးနဲ့ ဓမ္မာရုံတဲ့ အနော်နားသိပ်မလည်ပါဘူး
ထပ်ရှင်းပြတရ်ဗျ ။အာရုံခြောက်ပါးဆိုတာ မျက်စိ။နား ။နှာ ။လျှာ ။ကိုယ်။ စိတ်
တဲ့ အနော်စဉ်းစားပြီးပြောင်လိုက်ပါသေးတရ် စိတ်ထဲမှာပေါ့နော် . . .
အကိုကတော့လုပ်ပြီပေါ့ . . . .ရယ်ချင်စိတ်ကိုမနည်းထိမ်းထားမိပါတရ်။
မင်းတို့ ဆယ်တန်းတတ်တော့မရ်ဆိုတော့ . . .မင်းတို့အားလုံးဟာ
နယ်ပေါင်းစုံက သယ်ရင်းသစ်တွေနဲ့တွေ့ရတော့မရ် အဲဒီမှာ အာရုံသစ်တွေနောက်
မလိုက်မိစေနဲ့ ဥပမာ ကောင်မလေး တစ်ယောက်ချောချောလှလှလေးတွေ့ရင်
ဟာ ဒီကောင်မလေးကို ငါအရင်ဦးထားလိုက်မရ် ဆိုတဲ့အသိစိတ်ကိုဖျောက်ရလိမ့်
မရ် ။ကောင်မလေးကို မျက်စိထဲက မထွက်အောင်မြင်နေခြင်းဟာ
မျက်စိအရသာကို နောက်ထပ်တစ်ကြိမ်ခံစားနေခြင်းပဲပေါ့ ။ ဒုတိယက
သူ့အသံလေးကို ကြားချင်နေတရ်ဆိုရင် နားအရသာကို မင်းအောက်မေ့နေတာပါ
သူ့ပါးမို့မို့လေးကို နမ်းလိုက်ရရင်ဆိုတာတော့ နှာပေါ့ကွာ ။ သူလေးနဲ့တွေ့ပြီး
ဟိုဟာသွားစားမရ် ဒါလေးသွားစားမရ်ပေါ့ ဒါကတော့ လျှာအလိုလိုက်မှု့လေ
အဲ သူကို ဖတ်ထားချင်တဲ့စိတ်က ကိုယ်ပေါ့ ။ သူကို တွေ့ပြီးမေ့လို့မရတာက
စိတ်ပေါ့တဲ့ ။ အဲဒီတံခါးပေါက်တွေကို မပိတ်ရင် မင်းခရီးက ရှေ့ဆက်မရောက်ပဲ
လမ်းတစ်ဝက်တင် မင်းဘဝပြီးသွားလိမ့်မရ်တဲ့
ဒီနေရာမှာအနော်စဉ်းစားပါတရ် အောင်မြင်မှု့ရဲ့ခြေလှမ်းတွေကို
ရပ်တန့်စေတဲ့အချက်တွေထဲမှာ အာရုံတွေနောက်ပြေးလိုက်ခြင်းလို့ပဲ
အနော်ပြောချင်ပါတရ်။ လူသားတိုင်းအလိုလို အာရုံမရှိရဘူးလား အဲလိုတော့
မဟုတ်ပါဘူး . .လူ့ဘဝဆိုတာ အခွင့်အရေးကို မရထိုက်သေးဘူးလို့သိတဲ့အချိန်
မှာ အဲဒီအခွင့်အရေးကိုမရှာတာကောင်းပါတရ် ...သူချမ်းသာချင်တရ်ပြောတရ်
သူ အဲဒီချမ်းသာခြင်းကို ရှာဖွေတဲ့ အချိန်မျိုးမှာ ကိုယ်နဲ့မထိုက်တန်သေးတဲ့
ဘီလီယံနာသူဌေးလိုမျိုး ခံစားချင်စိတ်ကိုအရင်ဖျောက်ရပါလိမ့်မရ် ။
3။ဒီနေ့အလုပ်ဒီနေ့ပြီးအောင်လုပ်ပါတဲ့
မြန်မာလူမျိုးတော်တော်များများဟာ အလုပ်ကို ရက်ရွေ့ဆိုင်းတတ်တာ
က သဘာဝတရားကြီးလိုဖြစ်နေပါတရ် ။
အနော့်အကိုကပြောတရ် ။သတိုးတဲ့ မင်းဒီနေ့လုပ်ရမဲ့ ဒီနေ့စာကို ဒီနေ့ပြီးပျက်
အောင်လုပ်ပါတဲ့ နောက်နေ့မှဆိုတဲ့အတွေးမျိုးကိုရှောင်ဖို့ပါတဲ့
ဒီနေ့အလုပ်ကို ဒီနေ့မှာ ပြီးပျက်အောင်မလုပ်ရင် နောက်နေ့တွေအကြွေးတင်
ပါလိမ့်မရ် . . . ။ဒါကြောင့် အောင်မြင်ချင်တဲ့လူတိုင်းလည်း ရက်ရွေ့ဆိုင်းတဲ့
အလုပ်မျိုးကိုရှောင်ရှားသင့်ပါတရ် ။
4။အသုံးနဲ့အဖြုန်းလည်းကွဲပါစေ
ဟာ အနော်မေးပါတရ် ။အကိုအနော်က ဘယ်လိုသုံးပြီး ဘယ်လိုဖြုန်းတာလဲလို့ .
မင်းမှာဆယ်တန်းရောက်တော့မရ်ဆိုတော့ မိဘတွေက ကျူရှင်တွေ ဝိုင်းတွေ
ကို ပိုက်ဆံပေးရတော့မရ် ။ အဲဒီတော့ မင်းအသုံးစရိတ်ကလည်း နည်းတာမဟုတ်
ဘူးလေ ။ ကိုယ်တိုင်မရှာရတဲ့ ပိုက်ဆံကို မင်းကတော့ ဘယ်လိုသိမှာလဲပေါ့
ဒါကြောင့် မင်း အသုံးနဲ့ အဖြုန်းကိုကွဲအောင်လုပ်ကွာတဲ့ . . . ။
ဟုတ်ပါတရ် ။ အနော်တို့ မြန်မာလူမျိုးတွေက ပိုက်ဆံလေးနည်းနည်း
ကိုယ့်လက်ထဲမှာရောက်လာပြီဆိုရင် လျှောကနဲပဲ သုံးပစ်တတ်တာပါ ။
သူဌေးတွေလိုပဲ ကိုယ့်ကိုကို အောက်ခြေလွတ်ကုန်တော့တာပဲလေ ။
ဒါကြောင့်မို့ အောင်မြင်ချင်တဲ့သူဆိုတာ ပိုက်ဆံရဲ့တန်ဖိုးကို အရင်သိအောင်လုပ်
ရပါ့မရ် ။
5။ကိုယ့်ကံကြမ္မာကို ကိုယ်ပဲစီရင်တဲ့
အနော် မေးရပါတရ် . . . .ကံကြမ္မာဆိုတာ ဘာလဲပေါ့ ။
ဟာ မင်းအ လှချည်လား ကံကြမ္မာဆိုတာ အလုပ်ကိုပြောတာ
ငါတို့ဗုဒ္ဓဘာသာဝင်တိုင်းဟာ မြတ်ဘုရားက ကံကိုယုံကြည်လို့ပြောတာ
ကံဝါဒကွ ။ ကံဆိုတာကလည်း အလုပ်ကိုပြောတာပဲပေါ့။
ကံကောင်းချင်ရင် ကောင်းတဲ့ကံတွေဆည်းပူးရမရ် ။ လေ့လာရမရ်။
မင်းကံတရားကို ငါမပိုင်သလို မင်းကံတရားကို မင်းကိုယ်တိုင်စီရင်ဆုံးဖြတ်ရမရ်
မင်းကံတရားကို သူများတကာက ချယ်လှယ်သွားချင်းခံရပြီဆိုရင် မင်းညံ့လို့ပဲ
ပေါ့ ။ဟုတ်ပါတရ် . . .။အနော်တို့မြန်မာလူမျိုးအတော်များများဟာ
မိမိပိုင်တဲ့ မိမိကံတရားကို မိမိကိုယ်တိုင်မကိုးကွယ်ချင်ဘူး .. .
တစ်ခုခုကြောင့် ကိုယ့်ကံတရားကို မကောင်းအောင် သူများကြောင့် ပျက်စီးသွား
ရတာမျိုးတွေ ဖြစ်တတ်ပါတရ် . .။
ဒီနေရာမှာ ပတ်ဝန်းကျင်ကြောင့် မိမိကံဖျက်ဆီးခြင်းခံလိုက်ရတရ်ဆိုပေမဲ့
မိမိကိုယ်တိုင်က အဲဒီ မကောင်းတဲ့နေရာမှာပဲ ပျော်မွေ့နေလို့ပဲဖြစ်ပါလိမ့်မရ်
ဒါကြောင့်မို့ မိမိကံတရားကို မိမိခြယ်လှယ်နိုင်တဲ့ mind power ရှိဖို့အရေး
ကြီးတရ် ။ မျိုးစေ့ကောင်းရှိမရ် မိမိကလည်း ပတ်ဝန်းကျင်ကောင်းကို
ရှာကြံပြီး ပေါင်းသင်းမရ်ဆိုရင် အရာအားလုံးဟာအကောင်တိုင်းဖြစ်နေပါတော့
တရ် . ..။
ဒီလိုနဲ့ပဲ အနော် သယ်ရင်းကို အနော့်ဘဝရဲ့တစ်စိတ်တဒေသကို
ပြန်ပြောရင်းနားချလိုက်ပါတော့တရ် ....
သူကတော့ သဘောကျသွားလေရဲ့ဗျာ. ...
မှတ်သားစရာပဲလို့တော့ ပြောသွားပါတရ် ။ဒါပါပဲဗျာ
အနော်ရင်ထဲက လာတဲ့အတိုင်းလေး ရေးလိုက်တာပါ .......။
လှပသောအနာဂတ်ဆီသို့
Coup d' Etat အာဏာသိမ်းခြင်း.........
အစိုးရတစ်ရပ်ကို ရုတ်ချည်း အကြမ်းနည်းသုံး၍ ဖြုတ်ချဖယ်ရှားကာ အာဏာရယူခြင်းကို
ကူးဒီတာ coup d' etat ဟုခေါ်ပါသည် ။ စစ်တပ်ကသော်လည်းကောင်း ၊ စစ်တပ်၏အကူညီဖြင့်
သော်လည်းကောင်း ။ အာဏာကို သိမ်းယူလေ့ရှိသည် ။
အာဏာသိမ်းယူခြင်းသည် လူ့မှု့ရေး မတည်ငြိမ်မှု့များ နိုင်ငံရေး အရှုပ်ထွေးများဖြစ်ပေါ်နေချိန်တွင်
ပေါ်ပေါက်တတ်ပါသည် ။
သို့ကြောင့် စစ်အာဏာ ဝါဒီသို့ မပြန်လိုသူများသည် ဒီအချက်လက်များကို မိမိတို့ကိုယ်တိုင် သိသင့်ပေ
သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအတွင်းမတည်ငြိမ်မှု့များ ပြည်နယ်ပြည်မ
ခွဲခြား နေမှု့များကြောင့် စစ်အာဏာရှင်တို့၏ စနစ်ဆိုးများကို ကျရောက်ပြီး မြန်မာနိုင်ငံ၏
အလင်းရောင်များ အမှောင်ညများစွာ ဖြတ်သန်းခဲ့ရဖူးသည် ။
အိုမြန်မာပြည် ....
ညီညွတ်ကြလော့
တိုင်းရင်းသားညီအစ်ကိုများသည်
မြန်မာနိုင်ငံသားများပင်ဖြစ်သည်
ဘာသာကလည်း ဗုဒ္ဓဘာသာ
လူမျိုးကွဲပြားနေသော်လည်း
ဘာသာအားဖြင့်တူနေ၏။
သို့ကြောင့် အနော်တို့ရဲ့
နိုင်ငံရေး စီးပွားရေးအမြင်များကို
မိမိ တစ်စုံတစ်ဦးကြောင့်
မပျောက်ဆုံးသင့်။
အနော်တို့မြန်မာနိုင်ငံသည် သံယံဇာတ ပေါကြွယ်ဝသော်လည်း
အသုံးမချတတ်သော အတွေးမြင်နည်းပါးသောကြောင့် ဆင်းရဲတွင်းနက်နေကြပါသည်။
သို့ကြောင့် တိုင်းရင်းသားညီအကိုချင်းချင်း စည်းစည်းလုံးလုံးနှင့် အတူတကွ
လက်တွဲပြီး လှပတဲ့အနာဂတ်ဆီသို့ ချီတတ်ကြပါစို့လို့ အနော်သတိုးဟန် တိုက်တွန်းလိုက်ပါသည် ။
ဒီမိုကရေစီ၏ သဘောထား
ခေတ်သစ်ကမ္ဘာတွင် တန်ဖိုးထားခံရဆုံးနိုင်ငံရေးခံယူချက်မှာ ဒီမိုကရေစီစနစ်ဖြစ်ပေသည် ။
ဒီမိုကရေစီ စကားလုံးသည် ရှေးခေတ် ဂရိစကားလုံးများဖြစ်ကြသော Demos(ပြည်သူ) နှင့်
Kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးသူ နိုင်ငံသားများက
နိုင်ငံကို အုပ်ချုပ်မည့် သူများအား ဆန္ဒမဲပေး၍ ရွေးချယ်တင်မြောက်ခြင်းသည် ဒီမိုကရေစီ အခြေခံ
ဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်အရ သတ်မှတ်အရည်အချင်းပြည့်မီသော နိုင်ငံသားတိုင်းသည်
မဲဆန္ဒပေးခွင့် ၊ ကိုယ်တိုင်ပါဝင်ကာ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည် ။
ပြည်သူများက ရွေးချယ်သော ပြည်သူများ၏ ( For the people , by the people , of the people )
အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည်ဟု ကြွေးကြော်ခဲ့သည် ။
အသိဥာဏ် အဆင့်အတန်း နိမ့်ကျသော တိုင်းသူပြည်သားများက အရည်အချင်းမရှိသော ခေါင်းဆောင်များ
ကို ရွေးမိကောင်း ရွေးမိနိုင်ပါသည် ။ သို့သော် ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်
ခွင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် များရှိနေသည်ဖြစ်၍ စာနယ်ဇင်းမီဒီယာများက ဝေဖန်ထောက်ပြခြင်း
ဖြင့် ပြည်သူများ အမြင်ကျယ်လာပြီး နောက်တစ်ကြိမ်တွင် အရည်အချင်း ရှိသူများကို ရွေးချယ်ခွင့်ရနိုင်
သည်ဟု ဆိုနိုင်ပါသည် ။
ဒီမိုကရေစီ စကားလုံးသည် ရှေးခေတ် ဂရိစကားလုံးများဖြစ်ကြသော Demos(ပြည်သူ) နှင့်
Kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးသူ နိုင်ငံသားများက
နိုင်ငံကို အုပ်ချုပ်မည့် သူများအား ဆန္ဒမဲပေး၍ ရွေးချယ်တင်မြောက်ခြင်းသည် ဒီမိုကရေစီ အခြေခံ
ဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်အရ သတ်မှတ်အရည်အချင်းပြည့်မီသော နိုင်ငံသားတိုင်းသည်
မဲဆန္ဒပေးခွင့် ၊ ကိုယ်တိုင်ပါဝင်ကာ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည် ။
ပြည်သူများက ရွေးချယ်သော ပြည်သူများ၏ ( For the people , by the people , of the people )
အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည်ဟု ကြွေးကြော်ခဲ့သည် ။
အသိဥာဏ် အဆင့်အတန်း နိမ့်ကျသော တိုင်းသူပြည်သားများက အရည်အချင်းမရှိသော ခေါင်းဆောင်များ
ကို ရွေးမိကောင်း ရွေးမိနိုင်ပါသည် ။ သို့သော် ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်
ခွင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် များရှိနေသည်ဖြစ်၍ စာနယ်ဇင်းမီဒီယာများက ဝေဖန်ထောက်ပြခြင်း
ဖြင့် ပြည်သူများ အမြင်ကျယ်လာပြီး နောက်တစ်ကြိမ်တွင် အရည်အချင်း ရှိသူများကို ရွေးချယ်ခွင့်ရနိုင်
သည်ဟု ဆိုနိုင်ပါသည် ။
Thursday, February 21, 2013
ဒဿနစာစုများ
ချစ်ခြင်းမေတ္တာဟူသည်
ချစ်တုံ့ပြန်မခံရမှာကို စွန့်လွှတ်ခြင်းဖြစ်တရ် ။
မျှော်လင့်ခြင်းဟူသည်
စိတ်ပျက်လက်လျှော့ခြင်းကို စွန့်လွှတ်ခြင်းဖြစ်တရ် ။
စွန့်လွှတ်ရန်အခက်ခဲဆုံးကတော့
ဘာကိုမျှ မစွန့်လွှတ်နိုင်ခြင်းပင်ဖြစ်၏ ။
ဘဝဆိုတာ တိုတောင်းပါတရ်
ကိုယ်နှင့်အတူ လျှောက်လှမ်းနေကြတဲ့
ဘဝခရီးဖော်တွေအတွက်
မေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာကို
မျှဝေပေးဖို့ ဝန်မလေးပါနဲ့ ။
အောင်မြင်မှု့ဆိုတာ
ရယူနိုင်ဖို့ မလွယ်ကူပေမဲ့
စွန့်လွှတ်ပေးရဖို့တော့ လွယ်ကူ လျှင်မြန်လှတရ်
အောင်မြင်မှု့ကို ဆုပ်ကိုင်ထားနိုင်ခြင်းဟာ
အောင်မြင်မှု့ပဲဖြစ်ပါတရ် ။
မာကျောတဲ့ ကျောက်ဆောင်တွေဟာ
လှိုင်းတံပိုးတွေရဲ့ ရိုက်ခတ်မှု့ဒဏ်ကိုခံနိုင်ကြတရ်
ပျော့ပြောင်းတဲ့ ရွံနွံပြင်ကတော့
မကြာခဏ နေရာရွေ့ပေးနေကြရတရ် ။
အတွေ့အကြုံသစ်တစ်ခုနဲ့
ရင်ဆိုင်တွေ့တဲ့အခါ ဘယ်တော့မှမကြောက်ရွံ့ပါနဲ့
ထိုကဲ့သို့ရင်ဆိုင်ဝံ့ခြင်းဟာ
နောက်ထပ်အတွေ့ကြုံသစ်တစ်ခုအတွက်
ခွန်အားသစ်မွေးဖွားပေးခြင်းပါပဲ ။
သတ္တိဆိုတာ ရန်သူနဲ့တွေ့မှ
အသုံးပြုရတာမဟုတ်ပါဘူး
အချစ်နဲ့တွေ့တဲ့အခါမှာလည်း
သတ္တိရှိဖို့လိုပါတရ် ။
သတ္တိမရှိရင် ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူး ။
အောင်မြင်ခြင်းဆိုတာ
အကျအရှုံး မရှိတဲ့အပေါ်မှာ မတည်ဘူး ။
ရှုံးနိမ့်မှု့နဲ့တွေ့တိုင်း
ပြန်ထနိုင်မှသာ အောင်မြင်မှု့အစစ်လို့သတ်မှတ်နိုင်တရ် ။
ချစ်ခြင်းမေတ္တာဆိုတာ
ကြီးမားတဲ့စွမ်းအားတွေရှိတရ် ။
မမြင်ရတဲ့ တန်ခိုးပါဝါတွေရှိတရ်
ထိုအရာတွေကိုသိပြီး အသုံးချနိုင်ပါမှ
ချစ်ခြင်း မေတ္တာရဲ့အနှစ်သာရကို ခံစားခွင့်ရမရ် ။
ရေနစ်တော့မဲ့အချိန်မျိုးမှာ
အသက်ကယ်ကြိုး မရှိတဲ့နေရာမျိုးမှာ
အသက်ကြိုးကယ်ကြိုး ပစ်ပေးမဲ့သူကို
မျှော့်လင့်မနေပါနဲ့
ရှေ့ကိုသာ ဆက်ကူးသွားပါ
မှီတွယ်စရာ တစ်ခုခုတွေ့ပါလိမ့်မရ် ။
အခြားသူများရဲ့ ကူညီမှု့ကို
အပြည့်အဝမျှော်လင့်ပြီး ယုံကြည်မနေပါနဲ့
အဓိက က ကိုယ့်ကိုယ်ကို
အပြည့်အဝယုံကြည်ထားဖို့လိုပြီး
လုပ်စရာရှိတာ ဆက်လုပ်နေဖို့ပါပဲ ။
ကောင်းကင်မှာ ရောက်နေတဲ့ စွန်တစ်ကောင်ဟာ
လေစုန်ကိုချည်း မျှောလိုက်သွားရင်
မကြာခင် မြေပြင်ပြန်ရောက်လာမှာပါ
လေဆန်ကို ဆန်တတ်နိုင်မှသာ
အမြင့်ဆုံးနေရာကို ရောက်မှာပါ ။
သူများဒုက္ခရောက်နေတာကိုကြည့်ပြီး
ဝမ်းသာပျော်ရွှင်မနေပါနဲ့
ကိုယ် ကိုယ်တိုင် ဒုက္ခနဲ့တွေ့တဲ့အခါ
ဘယ်ပုံဘယ်နည်း ရင်ဆိုင်ဖြတ်ကျော်မရ်ဆိုတာ
ကြိုတင်စဉ်းစားထားသင့်ပါတရ် . ။ ။
တြိစက္က ဝတ္ထု စေတန်၏စေတမန်မှ . . . .
Monday, February 18, 2013
WHAT IS DEMOCRACY?
ဒီနေ့ အနော်တင်ပြချင်တာကတော့ ဒီမိုကရေစီဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်လေးပါ...။
OXFORD LEARNER'S POCKECT DICTIONARY.မှာ ဖွင့်ဆိုချက်လေး။
ဒီအကြောင်းကို အနော်ဘာလို့တင်ပြတာလဲလို့မေးရင် အခုအချိန်မှာ
အနော်တို့မြန်မာနိုင်ငံကြီးက လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အဲဒီလို ပါပဲ
အနော်မကြာမကြာဆိုသလို ကြားနေရတာပါ...။
ဒီမိုကရေစီဆိုတာ ဘာလဲ ခင်ဗျားလည်းသိချင်မှာပဲ အဲ တစ်ခုတော့ရှိသဗျ...
အားလုံးကိုတော့ သိချင်နေမှာပဲလို့တော့ မဆိုလိုချင်ပါဘူး...ဘာလို့လည်းဆိုတော့
လူဆိုတဲ့ သတ္တဝါက ခက်တော့ခက်သားဗျ ။ အမှန်တရားရဲ့ နောက်ကွယ်မှာ နေချင်တဲ့သူကလည်း
ရှိနေသေးရဲ့ ..။အဲဒီတော့ အနော်တင်ပြလိုက်တဲ့ ဒီမိုကရေစီဆိုတဲ့ အကြောင်းအရာကို
စိတ်ဝင်စားသူရှိသလို စိတ်မဝင်စားတဲ့သူလည်းရှိနေကောင်းပါရဲ့ပေါ့။
ဒီမိုကရေစီဆိုတာဟာ
System of goverment in which all the people of a country can vote to elect their representatives.
ကဲ System of goverment အစိုးရ ၏ စနစ် တဲ့။ ကဲ ဘယ်လိုအစိုးရစနစ်လဲပေါ့။
in which all the people of a country နိုင်ငံတစ်နိုင်ငံရဲ့ လူသားမျိုးနွယ်စုအားလုံးထဲက အစိုးရပေါ့ ။
Can vote to elect their representatives. အဲဒီအစိုးရကလဲ သူတို့အားလုံး သဘောတူရွေးချယ်တင်မြှောက်
ထားတဲ့ ကိုယ်စားလှယ်ကို မဲဆန္ဒပေးတင်မြှောက်နိုင်ခြင်း. . . .။
ဒါကိုကြည့်ရင် ကိုယ့်ဆန္ဒ ကိုယ့်သဘောနဲ့ အစိုးရလုပ်လို့မရဘူး ။ ပြည်သူတွေဆိုတဲ့ လူသားမျိုးနွယ်စုအားလုံး
က ဒီသူဟာတော့ ခေါင်းဆောင်ဖြစ်ထိုက်တရ် ။ သူသာခေါင်းဆောင်ဖြစ်ရင် ငါတို့ရဲ့ အသက်အိုးအိမ်
စည်းစိမ်တွေ တစ်နေ့တခြား တိုးတတ်ပြောင်းလဲနိုင်တာတရ် ။ စီမံခန့်ခွဲရေး နည်းပညာ
ပေါင်းသင်းဆက်ဆံမှု့ အတွေးအခေါ်ရင်ကျက်မှု့ ကမ္ဘာကို ရင်ဘောင်တန်းနိုင်တဲ့ အရည်အချင်း
ဒါတွေအားလုံးကိုကြည့်ပြီးမှပဲ အော် ဒါ ငါတို့တင်မြှောက်သင့်တဲ့သူပါလားဆိုပြီး
သဘောတူမဲဆန္ဒပေးပြီး ပြည်သူက ပေးလိုက်တဲ့ ပြည်သူအာဏာရှင် အစိုးရပါပဲ..
နောက်တစ်မျိုးဖွင့်လိုက်သေးတာဗျ..
FAIR AND EQUAL TREATMENT OF EVERYONE IN AN ORGANIZATION.
ဘယ်လိုလေးလဲဆိုတော့ Fair and equal treatment တရားမျှတမှု့နဲ့ တန်းတူညီမျှပြောဆိုဆက်ဆံရမရ်.။
of everyone in an organization အဖွဲ့အစည်း ထဲက လူတွေအားလုံးကပေါ့
အဲဒီတော့ ပြည်သူကတင်ပေးလိုက်လို့ နေရာတစ်ခု ရသွားတဲ့သူဟာ ပြည်သူရဲ့လိုအပ်ချက်ကို
ပြည်သူက တင်ပြလာရင် လက်ခံစဉ်းစားပေးပြီး တရားမျှတ တဲ့ တန်းတူညီမျှ အုပ်ချုပ်မှု့ စနစ်အောက်မှာပဲ
နေရပါ့မရ်တဲ့ ။ ကောင်းလိုက်တာဗျာ ဒါလေးကို တွေ့ပြီး လူသားအားလုံးဟာ
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အစဦးကတည်းကနေ ချီတတ်ခဲ့မရ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့
အနော်တို့အားလုံး ခြေလှမ်းတွေ တစ်ခြားသောနိုင်ငံတွေနဲ့ယှဉ်ရင်နောက်ကျ ကျန်ခဲ့တရ်
တရားမျှတမှု့မရှိတဲ့ အတိတ်က အရိပ်ဆိုးတွေရဲ့အောက်မှာ အနော်တို့ တဘုန်းဘုန်းလဲကျ
ပြန်ထခဲ့တဲ့ ခြေထောက်တွေကို လည်းရိုက်ချိုး အမျိုးမျိုးသောအဖိနှိပ်ခံဘဝနဲ့
အနော်တို့ရဲ့ ဘဝအလင်းတန်းတွေ ပျောက်ဆုံးခဲ့ဖူးတရ်...။သေဆုံးခဲ့ဖူးတရ် ။
ရယ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိသေးသဗျ . . ။
အနော် အကို ဝမ်းကွဲတစ်ယောက် စာအရမ်းတော်ပါတရ် ။ သူက 2000 ခုနှစ်မှာ ဘာသာစုံဂုဏ်ထူးနဲ့
ဆယ်တန်းကို အောင်မြင်ခဲ့တာပေါ့ အနော်အမျိုးတွေအားလုံး ဝမ်းသာခြင်းပီတိတွေနဲ့ပါ ။
ဒီလိုနဲ့ဆေးတက္ကသိုလ် တတ်တော့ ဆေးကျောင်းသားပေါ့ ။ သိပ်မကြာပါဘူး ဒုတိယနှစ်လောက်မှာ
အနော့်အကိုလည်း နိုင်ငံရေးလုပ်တရ် ပုဒ်မတပ်ပြီး ဖောင်းဖြစ်သွားတာ သူတို့ ဆေးကျောင်းသားတွေလည်း
သူတို့ရဲ့မျှော်လင့်ချက် အိပ်မက်တွေ ဒီမှာအဆုံးသတ်သွားသဗျ ။
ဖြစ်တာကတော့ အမေစုကို ခနတာလွှတ်ပေးလိုက်တဲ့အချိန်မှာ သွားရောက်ပြီးကြိုဆိုခဲ့တာကြောင့်တဲ့ဗျ ။
ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ ကဲ ခင်ဗျားလည်း စဉ်းစားကြည့်စမ်းပါ ။ သူတို့ရဲ့ကိုယ်ပိုင်
လွတ်လပ်ခွင့်ကို ဘာလို့ ပိတ်ပင်တားဆီး ပစ်လိုက်ရတာလဲ ။ ဒါမလုပ်သင့်တဲ့ အရာတွေပါပဲ
ဒါတောင် အနော်တို့ကျောင်းသားတွေ နေ့စဉ်အလံတော်ရှေ့မှာ နိုင်ငံတော်အလံကို အလေးပြုပြီးတော့
ရှေ့က တိုင်ခဲ့တဲ့ စာသားကို အနော် အရမ်းမုန်းတီးခဲ့ဖူးတရ် အဲဒါက
(တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ .........တို့ပြည် တို့မြေ ) တဲ့
အရမ်းကို တွေးကြည့်ရင် ရယ်စရာဟာသကို စစ်အာဏာရူးတစ်ချို့ အတော်လုပ်ခဲ့တရ်ဆိုတာ
တင်ပြရင်း ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ
အနော်သယ်ရင်းအားလုံးကို သိစေအပ်ပါကြောင်း. . . .
အားလုံကိုလေးစားလျှက်ပါ . . .။
Subscribe to:
Posts (Atom)














