Sunday, January 27, 2013

အချစ်ဆိုတာ

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
အေးချမ်းတဲ့အလင်းရောင်နဲ့
တောက်ပတဲ့လတစ်စင်း
ဖြစ်ခဲ့ရင်
မင်းရင်ခွင်အာကာယံ
ထဲမှာပဲထွန်းလင်းပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
သံစဉ်တွေလှုပ်ခပ်နေတဲ့
မြစ်တစ်စင်းဖြစ်ခဲ့ရင်
မင်းရင်ခွင်ပင်လယ်ပြင်ထဲမှာပဲ
စီးဆင်းပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
လေဟုန်ကိုစီးနင်းပျံသန်းတဲ့
တေးသီငှက်ကလေးဖြစ်ခဲ့ရင်
မင်းရင်ခွင်ပင်ပျိုရိပ်မှာပဲ
နားခိုပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
မွှေးရနံသင်း
ပျံတဲ့ပန်းလှလှလေးတစ်ပွင့်ဖြစ်ခဲ့ရင်
မင်းဥယျာဉ်မြေပြင်ပေါ်မှာ
ဖူးပွင့်ပါရစေ

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
ခန္ဒာကိုယ်တွင်းလည်ပတ်လှုပ်ရှား
အသက်ကိုစောင့်တဲ့
သွေးကြောလေးဖြစ်ခဲ့ရင်
မင်းရင်ခွင်
နှလုံးသားထဲပဲ
စီးဆင်းပါရစေ....


                                              ဝသန်ကို

No comments:

Post a Comment