Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, March 16, 2013

မကြေငြာလည်းသိပါစေ

ငါတစ်ယောက်တည်းရှိတဲ့အခါ

မင်းကို အနားမှာရှိစေချင်တာ အပြစ်လား

မင်းရဲ့နားမှာ နေခွင့်မရတဲ့ ငါ့ကို

စာနာနားလည်ပြီး ငါ့ရဲ့ဘေးကို 

ပြန်လာပေးဖို့ မဖြစ်နိုင်ဘူးလား

အထီးကျန်ဆန်မှု့ဟာ

ဆိုးရွားတဲ့ရောဂါတစ်ခုသာဆိုရင်

ရောဂါရင်ပြီး ငါသေတာကြာပြီပေါ့

ဝေးကွာခြင်းနဲ့အဆုံးသတ်ရမရ်မှန်းသိခဲ့ရင်

ကံကြမ္မာရဲ့ပြဇာတ်ကို အရွဲ့တိုက်ပြီး

ငါရဲ့ဘဝကို အဆုံးစီရင်ပစ်လိုက်မလားမသိဘူး

ကောင်မလေးရေ........

မင်းသာနားလည်ပေးနိုင်မရ်ဆိုရင်

ငါ့ရင်ထဲကခံစားချက်တွေ

ဖွင့်ဟမကြေငြာလည်း

မင်းနားလည်သင့်ပါတရ်ချစ်သူ......

Thursday, March 14, 2013

It's YOU my love.

I'm felling so happy.

do you know why?

Cause I'm so lucky.

do you know how?

Cause  God loves me.

Do you know how?

Cause he gave me a gift.

Do  you know what?

It's YOU my love.

သစ္စာစောင့်သိသူ

သူထွက်ခွါသွားတဲ့နောက်

ရင်ဘတ်ထဲကသံစဉ်တစ်ချို့ကို

နံရံမှာရေးခြစ်လို့.....

သူမမြင်ချင်တော့ပေမဲ့

ဟောဒီနံရံက

အထီးကျန်ခြင်းသင်္ကေတတွေ

တခြားသူတွေသိစေဖို့ပေါ့

အချစ်ရဲ့ စစ်မှန်တဲ့နိယာမ

သူမချစ်လည်း သစ္စာရှိစွာ ချစ်နေဆဲပဲတဲ့

သူမရှိတော့တဲ့နောက်


Monday, March 11, 2013

စေညွှန်ရာ

အမုန်းမဲ့အချစ်နဲ့

ပျော်နိုင်ပါစေလို့

ဆန္ဒပြုရင်း

နှလုံးသားအယူခံခွင့်မရတဲ့ဘဝမှာ

မင်းကြိုက်သလိုသာ

စီရင်လိုက်ပါ......ချစ်သူ

မုန်းချင်မုန်း

သတ်ချင်သတ်

ကိုယ့်နှလုံးသားက

ချစ်သူအတွက်

                   စေညွှန်ရာ..................

လရောင်ဆမ်းတဲ့ကောင်းကင်

လရောင်လေးက 

အရမ်းအေးမြလို့ပေါ့

မြို့ပြကြီးနေရတာ

လရောင်လေး

ဘယ်ချိန်သာသွားလိုက်မှန်းမသိ

တစ်ခါတစ်ခါမှာ

တွေးမိတရ်

တိုးတက်လာတဲ့ခေတ်ကြီးက

သဘာဝတရားတွေကိုတိုက်စားလို့

အေးမြခြင်းတွေ

ဘယ်ဆီရောက်နေပါ့လိမ့်ပေါ့

Tell me about love.

What's the last thing you said that you wish you didn't say?
Who was the last person you thought about?
Are you rubber or glue?
Is there someone in your life who tries to make your life hell?
Who was your first kiss?
If you were gone for a long period of time, who would you visit first?
Who did you last take a picture with?
What color underwear are you wearing?
Have you ever woken up with your clothes on inside out?
Do you have any bruises currently?
What is your method of studying?
What was the last song that bounced throughout your eardrums?
If someone told you to jump off a bridge, would you?
Does it ever feel like the world's on your shoulders?
If you trapped in a jail cell, how would you escape?
Why did you last say you're sorry?
You're stuck in a cage with a lion, do you pet it?
What is your opinion on suicide?
Have you bit anyone recently?
Is your room messy or clean?
Have you ever been ditched by your friends?
If someone could see into your heart, what would they see?
Do you like music for the lyrics or the tune?
When was the last time you had a nightmare?
Who did you last go shopping with?
When was the last time you wrote on the cement with chalk?
What are the last two digits of your cell phone number?
How do you want to die?

Saturday, February 23, 2013

အမှန်တရားရဲ့ အမှားတရံ

ကောင်းကင်မှာ ပျံသန်းဖို့

အင်အားတစ်ချို့လိုတရ်

အတောင်ပံခတ်ချိန်မှာ

လွဲချော်သွားတဲ့လမ်းကြောင်းက

အပြောင်းလဲ မျိုးစုံနဲ့

မမြင်တတ်ခဲ့ဘူး

ဆင်ခြင်မဲ့ကင်းစွာ

ပြုလိုက်မိတဲ့ အမှန်တရားက

အမှားတရံ ဖြစ်သွားလားချစ်သူ...

Wednesday, January 30, 2013

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်မေမေရေးသောကဗျာ

အကယ်၍
မင်းအသိုင်းဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေက မင်းကြောင့်လို့ ဝိုင်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ရင်ဆိုင်နိုင်မရ်ဆိုရင်

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကို မင်းယုံကြည်မှု့အပြည့်ရှိမရ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲ့ဒီအတွက် မမောပန်းနေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မှာ မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မရ်ဆိုရင်

ပြီးတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နို်င်မရ်ဆိုရင်

အကယ်၍
အောင်မြင်မှု့သုခနဲ့ ဆုံးရှုံးမှု့ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မရ်ဆိုရင်

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မရ်ဆိုရင်

အကယ်၍
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မရ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တလှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့
အစကနေပြန်စနိုင်မရ်ဆိုရင်
 ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်တော့အခါမှ ညည်းညူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးနိုင်မရ်ဆိုရင်
အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့ 
ဘာဆို ဘာတစ်ခုမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင်ထားနိုင်မရ်ဆိုရင်

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုရတဲ့အခါ
ကိုယ့်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မရ်ဆိုရင်
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာနသွေးမကြွဘူးဆိုရင်

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင်မလုပ်နိုင်စေရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု့သံယောဇဉ်တွေထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မရ်ဆိုရင်

ငါ့သားရေ
မင်းဟာ အရာရာ ရှိတဲ့ အရာရာဖြစ်တဲ့ 
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့။
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်းတစ်ယောက်ပေါ့ ။   ။
 
 

နိုဗယ်ဆုရှင် မေမေစု၏ မိခင်နှောင်ကြိုးကို ဖြေပါအံ့ ကဗျာ

မိခင်နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့

သမီး၏ လုံ့လဝီရိယဖြင့်

နာလန်ထူပါစေအံ့

မွေးကျေးဇူးကို မသိတတ်သော

ထိုသူတို့အား

သိနားလည်အောင်

ဆွဲဆောင်နိုင်စွမ်းကို

သမီးအားပေးပါလေ

တွေ့ရအံ့သော ဘေးရန်တို့ကို

သမီးထီမည်မဟုတ်

တစ်ဘဝတွင်

တစ်ခါသေရမည်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌မထူးခြား

သမီး၏ စိတ်ကူးတို့သည်

အကယ်အဖြစ်သို့

ရောက်သောအချိန်တွင်

အသင်တို့သည်လည်း

ပျော်မြူးကြရမည်

အခြားအခြားသောသူတို့၏

ရှုပ်ချခြင်း

ကဲ့ရဲ့ခြင်း

မုန်းတီးရွံရှာခြင်း

နာမည်ဖျက်ခြင်းတို့ကို

သမီးအလျဉ်းဂရုမပြု

မိခင်ထံမှ "ဒါမှ ငါ့သမီး" ဟူသော

ကျူးရင့်သံကိုသာ တောင့်တပါ၏

လောကတွင် မိခင်၏ ကျေးဇူးကို

အသိတတ်ဆုံးသော သမီးဖြစ်ရပါလို၏...။   ။

Tuesday, January 29, 2013

အချစ်ဆိုတာ

အချစ်ဆိုတာ.....
နှူးညံစွာရင်ခုန်
ထူးဆန်းစွာခံစား
ဆန်းပြားတဲ့အကြည့်လေးတွေနဲ့
အမူအရာပျက်ယွင်း
လူတကာကိုရှက်လို့ရှက်
တိုးတိုးလေးရယ်လို.ရယ်
တိတ်တိတ်လေးပြုံးလို.ပြုံး
လက်ဖျားတွေအေးစက်
အချိန်တိုင်းအတွေးဂယက်မှာ
သူကိုသာစွဲလမ်းနေတာ
အချစ်လို့ဆိုသလားဟင်...

မိုးဝသန်ကို

အတူရှိနေခွင့်များရခဲ့ရင်

ငါက
နင့်မျက်နှာလေးကို
ကြည့်ပြီးအပန်းဖြေချင်ရုံ
သက်သက်ပါ.....
နင်ချွေးမသုတ်ပေးပေမယ့်
အတွေးနဲ့တင်ကျေနပ်ပါတယ်.....
ငါက
နင့်အပြုံးကိုငေးပြီး
ဘဝကိုတေးဆိုချင်သူပါ
နင်ချော့မသိပ်ပေမယ့်
နှစ်ခြိုက်စွာအိပ်ပျော်စေခဲ့တယ်.....
ငါလေ
နင့်စကားတစ်ခွန်းထဲနဲ့
အားလုံးကိုစိန်ခေါ်ခဲ့တာပါ.....
နင်ချစ်တယ်လို့မပြောပေမယ့်
ငါချစ်နေရရုံသက်မှက်ချက်လေးနဲ့
528 အချို့ကိုကျောခိုင်းခဲ့တယ်.....
ငါက
နင်လက်ကလေးကိုကိုင်ပြီး
ကမ္ဘာဆုံးတိုင်လျှောက်ချင်သူပါ
နင်မလိုက်ချင်တောင်
ငါရင်ခွင်မှာတံဆိပ်ရိုက်ထားတဲ့
နင့်ပုံရိပ်လေးတွေနဲ့
အနာဂတ်ကိုတူးကြည့်နေတယ်
တကယ်လို့

တကယ်လို့ပေါ့နော်

နင်နဲ့သာအတူရှိနေခွင့်ရရင်

ငါလေ.................။

မိုးဝသန်ကို

အချစ်ဆိုသည်မှာ

အချစ်ဆိုတာ.....
အသည်းလွှာကြား
သန္ဓေတည်ပေါက်ဖွားလာတဲ့
အမြူတေရတနာတစ်ခုဖြစ်တယ်.....

အချစ်ဆိတာ.....
နှလုံးသားကိုဗဟိုပြုတဲ့
ငလျှင်တစ်ခုလည်းဖြစ်တယ်.....

အချစ်ဆိုတာ.....
နှလုံးသားလွင်ပြင်မှာ
ငြိမ့်ညောင်းစွာစီးဆင်းနေတဲ့
မြစ်တစ်စင်းဖြစ်တယ်.....

အချစ်ဆိုတာ.....
စဉ်းစားတွက်ချက်
အဖြေထုတ်ဖို့ခက်တဲ့
ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်.....

အချစ်ဆိုတာ.....
ထူးခြားဆန်းပြား
အံသြမှုများစွာပေးဆက်
ပဉ္စလက်တစ်ခုဖြစ်တယ်.....

အချစ်ဆိုတာ.....
ပျော်ရွှင်ကြည်နူး
ပီတိလူး
အိမ်မက်ထိအောင်ရစ်မူးစေတယ်.....

အချစ်ဆိုတာ.....
တမ်းတလွမ်းဆွေး
ဝေဒနာလေးတွေနဲ့
ငေးမောတွေးတောနေစေတယ်.....

အချစ်ဆိုတာ.....

အချစ်ဆိုတာ.....

မိုးဝသန်ကို

Sunday, January 27, 2013

အချစ်ဆိုတာ

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
အေးချမ်းတဲ့အလင်းရောင်နဲ့
တောက်ပတဲ့လတစ်စင်း
ဖြစ်ခဲ့ရင်
မင်းရင်ခွင်အာကာယံ
ထဲမှာပဲထွန်းလင်းပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
သံစဉ်တွေလှုပ်ခပ်နေတဲ့
မြစ်တစ်စင်းဖြစ်ခဲ့ရင်
မင်းရင်ခွင်ပင်လယ်ပြင်ထဲမှာပဲ
စီးဆင်းပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
လေဟုန်ကိုစီးနင်းပျံသန်းတဲ့
တေးသီငှက်ကလေးဖြစ်ခဲ့ရင်
မင်းရင်ခွင်ပင်ပျိုရိပ်မှာပဲ
နားခိုပါရစေ.....

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
မွှေးရနံသင်း
ပျံတဲ့ပန်းလှလှလေးတစ်ပွင့်ဖြစ်ခဲ့ရင်
မင်းဥယျာဉ်မြေပြင်ပေါ်မှာ
ဖူးပွင့်ပါရစေ

ချစ်သူ.....
အချစ်ဆိုတာ
ကိုယ့်အတွက်
ခန္ဒာကိုယ်တွင်းလည်ပတ်လှုပ်ရှား
အသက်ကိုစောင့်တဲ့
သွေးကြောလေးဖြစ်ခဲ့ရင်
မင်းရင်ခွင်
နှလုံးသားထဲပဲ
စီးဆင်းပါရစေ....


                                              ဝသန်ကို

မင်းသာ ငါ့အတွက်ဖြစ်ခဲ့ရင်

 မင်းသာ.....
ကောင်းကင်တစ်ခုဆို
ငါ့ ချစ်ခြင်းတွေနဲ့
မက်မက်မောမော
မော့ဖူးပါရစေ.....

မင်းသာ.....
ပင်လယ်တစ်ခုဆို
အဆုံးမရှိသံယောဇဉ်တွေနဲ့
ရူးရူးမိုက်မိုက်
လက်ပစ်ကူးပါရစေ.....

မင်းသာ.....
လတစ်စင်းဆို
ငါရင်ခုန်သံနဲ့စီချယ်ထားတဲ့
ကြယ်ဖြူတစ်ပွင့်
ရဲရဲရင့်ရင့်
လင်းလက်ပါရစေ.....

မင်းသာ.....
ပန်းလေးတစ်ပွင့်ဆိုရင်
အလွမ်းတေးမညည်းတဲ့
ပိတုန်းလေးတစ်ကောင်
ဖြစ်ပါရစေ.....

နှစ်ဦးသားရှိတဲ့ဒီကမ္ဘာထဲမှာ
နှစ်ဦးသားလျှောက်တဲ့ဒီလမ်းတွေထဲမှာ
နှစ်ဦးသားရှိုက်တဲ့ဒီလေပြေတွေထဲမှာ
မင်းအရိပ်၊မင်းအိမ်မက်
မင်းပီတိ၊မင်းမျက်ရည်
မင်းအချစ်၊မင်းအလွမ်း
မင်းအနမ်း၊မင်းကဗျာ
အရာအားလုံးရစ်သိုင်းလွှမ်းခြုံ
ပုံစံစုံတဲ့ရဲတိုက်လေးတစ်ခု
ငါတစ်ခမ်းတနား
တည်ဆောက်ပါရစေဟာ....။

                                                         ပန်းဝါဆို

Thursday, January 24, 2013

သတိရပေးရင်ပဲကျေနပ်တရ်


ပြီးဆုံးသွားတာကိုထားခဲ့လိုက်ပြီး
မရနိုင်တာကိုမတပ်မက်ပါနဲ့
ဆုံးရှုံးပြီးရင်ပြန်ရရှိမယ

ရှုံးနိမ့်ဘူးရင်အောင်မြင်ေ
တာ့မယ်
ပန်းတိုင်ကိုလှမ်းမျှော်ကြည
့်ပြီး အားမာန်အပြည့်ခြေလှမ်းတွေနဲ့လျှောက်လှမ်းလိုက်ပါ
အမုန်းကိုပြန်လည်မတုံ.ပြန်ပ
ါနဲ့နော်
မေတ္တာမထားနိုင်ရင်ဥပက္ခာပြုလ
ိုက်ပါ
လောကဓံကိုခံနိုင်ရည်ရှိဖို့
အားတင်းထားပါသူငယ်ချင်း
စိတ်ရှုပ်ထေါးတဲ့အချိန်တိုင
်း
ရင်ဖွင့်တိုင်ပင်ပါ
မင်းအတွက်ထာဝရသူငယ်ချင်း
ငါပါ
မင်းဘဝရဲ့ပျော်ရွှင်မှု
ဝမ်းနည်းမှုတွေအားလုံးကို
မျှဝေခံစားပေးမယ်သူအဖြစ်
ငါအမြဲရှိနေပါတယ်
မင်းအနားမှာ
ချစ်သူခင်သူတွေ
ဝိုင်းဝိုင်းလည်နေလဲ
အဝေးကငါ့ကိုတော့မမေ့ပါနဲ့နေ
ာ်
အမြဲမဟုတ်တောင်တစ်ခါတစ်ရံလေ

သတိရပေးရင်ပဲကျေနပ်ပါတယ်
သူငယ်ချင်းရယ်.............
 
 
                                                                          ညီမလေး ဝသန်ကို မှ/

Wednesday, January 23, 2013

လမ်းခွဲ

သဘောထားတွေမတိုက်ဆိုင်ရင်
ထာဝရလက်တွဲဖို့တော့
မဖြစ်နိုင်ဘူးလေ...။
ဆန့်ကျင်ဘက်ကို
ဦးတည်နေတဲ့ခြေလှမ်းတွေဟာ
ဘယ်တော့မှ ဆုံမှတ်ဆိုတာ
ရှိလာမှာမှ မဟုတ်တာ။
ကမ္ဘာကြီးလုံးဝန်းလို့
တစ်နေ့........
မင်းနဲ့ကိုယ်ဆုံမှတ်တစ်ခုမှာ
ဆုံဖြစ်ခဲ့ရင်တောင်
ဆန့်ကျင်ဘက်ခြေလှမ်းတွေနဲ့
ငါတို့ ပြန်ကျောခိုင်းသင့်တာပေါ့
အတ္တအရိုင်းတွေဆန်တရ်လို့
မင်းဆိုချင်ဆိုနေမှာပါ
မလိုက်လျောနိုင်တဲ့ငါမာနက
ဖြေလျော့လို့မပေးနိုင်တာ
ဒါ ငါ့ဒိုင်ယာလော့ပဲ ချစ်သူ.......


ဆုံမှတ်မရှိသော ပစ်မှတ်


"စံပယ်"လို အပြုံးနဲ့

ငါ့ကိုအဆိပ်သောက်သုံးစေခဲ့သူ
 
ငါ...ချစ်....တဲ့...သူ....ရေ


"နွားခြေရာခွက်"ကို "ပင်လယ်"ထင်ခဲ့သူ

င့ါအတွက်တော့ နင်ပေးတဲ့အပြုံးမှာ

ရှုံးပြီးရင်း ရှုံးခဲ့ရတယ်.....


ရက်..လ တွေပြောင်းလို့

"အဟောင်းတန်း" အပို့ခံခဲ့ရတဲ့

ငါ့အချစ်.........

ပြန်ရှာဖွေနေရတုန်း.....


ငါ..မဟုတ်တဲ့ သူ့..လက်ကိုတွဲ

နင်တို့ပျော်ပွဲဆင်နေလည်း

"ကျဆုံးခဲ့"တဲ့ ငါ့မှာသာ

"နှလုံးသားဒဏ်ရာ"ကိုကုစား

နင်နဲ့ ဝေးပြီးရင်း ဝေးခဲ့ရတာပါ.....


"ပင်လယ်ရေ"ကို "ရေချို"ထင်ခဲ့သူ

ငါ့အတွက်တော့......

"ကျန်ခဲ့တာတောင် နည်းသေးတယ်" လို့

ထောပနာပြုကြတဲ့ သူတွေကြားထဲ

နင်နဲ့အတူ လျှောက်ခဲ့ဖူးတဲ့

လမ်းကလေးတွေထက်

ခေါင်းငိုက်စိုက်နဲ့

ငါ့အိမ်ပြန်လမ်း

ငါရှာနေရဆဲပဲလေ.....
 
                                                         my sister 
                                                                       War War Win Hlaing

ချစ်သူသိစေ


တိတ်တခိုးချစ်


ချစ် ချစ်ခင်မြတ်နိုး

တိတ်တခိုးနဲ့

ရင်နှင့်ရင်းလို.

ချစ်ခြင်းကိုတည်

ကြည်ဖြူလိုလား

သူ အားစွဲနစ်ချစ်ခဲ့ပါသည်.....

တဲ့ တဲ့ပြောမှသိမယ့်သူလား

ချစ်အားတွေပို

စကားဖွေဆို

သူငြိုညင်လည်း

ရင်မကွဲပဲ

စွဲမြဲနှစ်သက်

ချစ်ခဲ့ပါသည်.......

မောင် လို.အခါခါ

ခေါ်ခွင့်မရလည်း

ချစ်လွန်းကြင်နာ

ထပ်ခါခေါ်မည်

အိမ်မက်ထဲဆီ

အဲဒီလောက်တောင်

ချစ်ခဲ့ပါသည်.......။

                                                               ညီမလေး မိုးဝသန်ကဗျာလေးပါ