Wednesday, January 16, 2013

နှလုံးသားဒဏ်ရာ

အက် ကြောင်း ထင် နေ တဲ့
မှန် တစ် ချပ် ကို ပဲ
တ ယု တ ယ ပိုက် ထွေး လို့
မ မြင်...မြင် အောင်
ငါ ကြည့် နေ ရ တယ်...

လွမ်း မော ခြင်း တွေ ပြည့် နေ တဲ့
ည တွေ ကို ပဲ
အ မြတ် တ နိုး တန် ဖိုး ထား လို့
မ ကုန်...ကုန် အောင်
ငါ စောင့် နေ ရတယ်...

ပန်း ပွင့် နေ တဲ့

ဒဏ် ရာ တွေ ကို ပဲ
အို မင်း စာ အ ဖြစ် ထား လို့
ပိုး မ ကိုက် စေ ဖို့
သ တိ ထား လို့ သိမ်း နေ ရ တယ်...

နာ ကျင် နေ တဲ့

အ တွင်း စိတ် ကို ပဲ
ရိုး မြေ ကျ သယ် ဆောင် လို့
မ သေ ရုံ တ မယ်
မော ပန်း စွာ အ သက် ရှင် နေ ရတယ်..
.
                                                                from  my sister
                                                                               War War  Win  Hlaing

No comments:

Post a Comment