Saturday, March 16, 2013

မကြေငြာလည်းသိပါစေ

ငါတစ်ယောက်တည်းရှိတဲ့အခါ

မင်းကို အနားမှာရှိစေချင်တာ အပြစ်လား

မင်းရဲ့နားမှာ နေခွင့်မရတဲ့ ငါ့ကို

စာနာနားလည်ပြီး ငါ့ရဲ့ဘေးကို 

ပြန်လာပေးဖို့ မဖြစ်နိုင်ဘူးလား

အထီးကျန်ဆန်မှု့ဟာ

ဆိုးရွားတဲ့ရောဂါတစ်ခုသာဆိုရင်

ရောဂါရင်ပြီး ငါသေတာကြာပြီပေါ့

ဝေးကွာခြင်းနဲ့အဆုံးသတ်ရမရ်မှန်းသိခဲ့ရင်

ကံကြမ္မာရဲ့ပြဇာတ်ကို အရွဲ့တိုက်ပြီး

ငါရဲ့ဘဝကို အဆုံးစီရင်ပစ်လိုက်မလားမသိဘူး

ကောင်မလေးရေ........

မင်းသာနားလည်ပေးနိုင်မရ်ဆိုရင်

ငါ့ရင်ထဲကခံစားချက်တွေ

ဖွင့်ဟမကြေငြာလည်း

မင်းနားလည်သင့်ပါတရ်ချစ်သူ......

No comments:

Post a Comment