Wednesday, January 23, 2013

ဘဝမှရရှိသော သင်္ခန်းစာ

****ဘဝမှရရှိသော သင်္ခန်းစာ *****


၁။ နှိပ်ချပြတ်ရယ်ပြုခြင်းကို အမြဲတစေခံရသော
ကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။

၂။ပြစ်တင်ရှုံ့ချခြင်း အမြဲတစေခံသော
ကလေးသည် သူတပါးကို အပြစ်ရှာလေ့ရှိ၏။

၃။အမုန်းနှင့်ထိတွေ့ခံရသော ကလေးသည်
သူတပါးကို ရန်မူနေလေ့ရှိ၏။

၎။မေတ္တာဖြင့် ထွေးပိုက်ခြင်းမခံရသော ကလေးသည်
သူတပါးကို ရန်မူနေလေ့ရှိ၏။

၅။ထောက်ခံအားပေးမှု့ခံရသော ကလေးသည်
မိမိ၏စွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။

၆။ချီးမြှင့်မြောက်စားခြင်းခံရသောသူသည်
သူတပါး၏ကျင့်ကြံဆောင်ရွက်မှု့ကို တန်ဖိုးထားလေ့ရှိ၏။

၇။အေးအတူပူမျှ စိတ်ထားရှိသူနဲ့နေရသော ကလေးသည်
သူတပါးပေါ်စာနာလေ့ရှိ၏။

၈။သည်းခံခွင့်လွှတ်တတ်သူနှင့် ထိတွေ့နေရသော ကလေးသည်
သူတပါးကို ခွင့်လွှတ်လေ့ရှိ၏။

၉။ဗဟုသုတရှာမှီးသူများနှင့် နေရသော ကလေးသည်
ပညာ၏တန်ဖိုးကို သိရှိလာတတ်၏။

၁၀။ပျော်ရွှင်သော ပေါင်းစုနှင့် နေရသော ကလေးသည်
မေတ္တာနှင့် လှပခြင်းကို ရှာဖွေလေ့ရှိ၏။

(ပုညခင်- တိမ်တစ်စနှင့် နွယ်တမျှင် )မှ ခံစားမျှဝေသည်။

No comments:

Post a Comment