Sunday, March 31, 2013

မြန်မာတွေသိဖို့လိုတရ်နော်


အနော်တို့နှလုံးသားတွေကို အရောင်ဆိုးပေးနေပြီထင်ပါရဲ့ဗျာ
သတိုးတို့တိုင်းပြည်လှပတော့မဲ့အချိန်မှာ တိုင်းပြည်အဖျက်သမားများက
ဘာသာရေးခုတုန်းလုပ်ပြီး တစ်ဦးနဲ့ တစ်ဦး ရန်မဖြစ်ဖြစ်အောင် လုပ်ပေးနေတရ်ထင်ပါတရ်
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ကိုယ့်တိုင်းပြည်ကောင်းစားရေးမှာ သူတို့တစ်ထွေ မရှူစိမ့်တော့ဘူးထင်ပါရဲ့
သတိုးကို အစ်ကိုတစ်ယောက်က ပြောပါတရ် နိုင်ငံရေးဆိုတာ မာယာများတရ်တဲ့
ဖြစ်နိုင်ပါတရ် ခု ဖြစ်ပျက်ခဲ့တဲ့အခြေအနေအရပ်ရပ်ကို ပြန်သုံးသပ်ကြည့်တော့
အနော်တို့ကလည်း ကိုယ့်ဘာသာကို ထိရင် မခံမရပ်နိုင် ဒါကို အခွင့်ကောင်းယူပြီးတော့
သူတို့နဲ့ ရန်မဖြစ်ဖြစ်အောင်ရန်တိုက်ပေးနေတဲ့ ကကြိုးတွေအောက်မှာ အနော်တို့ဗုဒ္ဓဘာသာဝင်တွေ
အားလုံး ရဲ့ နှလုံးသားတွေကို အရောင်ဆိုးပြီး ညစ်နွမ်းသွားအောင်လုပ်လိုက်ကြပြီလည်းထင်ရဲ့ဗျာ
သတိုးရေးဖူးတဲ့ စာလေးရှိတရ် အဲဒါလေးကတော့ဗျာ..................

Coup d' Etat အာဏာသိမ်းခြင်း.........

အစိုးရတစ်ရပ်ကို ရုတ်ချည်း အကြမ်းနည်းသုံး၍ ဖြုတ်ချဖယ်ရှားကာ အာဏာရယူခြင်းကို

ကူးဒီတာ coup d' etat ဟုခေါ်ပါသည် ။ စစ်တပ်ကသော်လည်းကောင်း ၊ စစ်တပ်၏အကူညီဖြင့်

သော်လည်းကောင်း ။ အာဏာကို သိမ်းယူလေ့ရှိသည် ။

အာဏာသိမ်းယူခြင်းသည် လူ့မှု့ရေး မတည်ငြိမ်မှု့များ နိုင်ငံရေး အရှုပ်ထွေးများဖြစ်ပေါ်နေချိန်တွင်

ပေါ်ပေါက်တတ်ပါသည် ။

သို့ကြောင့် စစ်အာဏာ ဝါဒီသို့ မပြန်လိုသူများသည် ဒီအချက်လက်များကို မိမိတို့ကိုယ်တိုင် သိသင့်ပေ

သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအတွင်းမတည်ငြိမ်မှု့များ ပြည်နယ်ပြည်မ

ခွဲခြား နေမှု့များကြောင့် စစ်အာဏာရှင်တို့၏ စနစ်ဆိုးများကို ကျရောက်ပြီး မြန်မာနိုင်ငံ၏

အလင်းရောင်များ အမှောင်ညများစွာ ဖြတ်သန်းခဲ့ရဖူးသည် ။

အိုမြန်မာပြည် ....
ညီညွတ်ကြလော့
တိုင်းရင်းသားညီအစ်ကိုများသည်
မြန်မာနိုင်ငံသားများပင်ဖြစ်သည်
ဘာသာကလည်း ဗုဒ္ဓဘာသာ
လူမျိုးကွဲပြားနေသော်လည်း
ဘာသာအားဖြင့်တူနေ၏။
သို့ကြောင့် အနော်တို့ရဲ့
နိုင်ငံရေး စီးပွားရေးအမြင်များကို
မိမိ တစ်စုံတစ်ဦးကြောင့်
မပျောက်ဆုံးသင့်။

အနော်တို့မြန်မာနိုင်ငံသည် သံယံဇာတ ပေါကြွယ်ဝသော်လည်း
အသုံးမချတတ်သော အတွေးမြင်နည်းပါးသောကြောင့် ဆင်းရဲတွင်းနက်နေကြပါသည်။
သို့ကြောင့် တိုင်းရင်းသားညီအကိုချင်းချင်း စည်းစည်းလုံးလုံးနှင့် အတူတကွ
လက်တွဲပြီး လှပတဲ့အနာဂတ်ဆီသို့ ချီတတ်ကြပါစို့လို့ အနော်သတိုးဟန် တိုက်တွန်းလိုက်ပါသည် ။

Wednesday, March 27, 2013

အမှန်နဲ့ အမှား

မှန်တရ်ထင်လို့လုပ်လိုက်မိတဲ့အမှား တဲ့
ခြေလှမ်းမှားသွားတာပါ

အမှန်ကိုပြုပြင်ရင်း မှားသွားမိတဲ့အမှားတဲ့
နောက်ထပ်မမှားဖို့သူကြိုးစားနေမှာပါ

မှားမှန်းမသိလို့ ဆက်လုပ်မိတဲ့အမှားတဲ့
တော်တော်ရိုးအတာပဲဗျာ

မှားမှန်းသိလျှက်နဲ့ ဆက်မှားနေမိတဲ့ အမှားတဲ့
သနားစရာပဲဗျာ

အမှားဆိုရင် ဘယ်အမှားမှ မကောင်းပေမဲ့
မှားမှန်းသိလျှက်နဲ့
ဆက်မှားချင်တဲ့ အမှားကတော့
မိုက်ရူးရဲဆန်တဲ့ အဖြစ်သနစ်ပါ

အမှားကိုအမှားနဲ့ပေါင်းကြည့်လေ
အမှန်မှ ထွက်မလာပဲ

ဆိတ်ပါများတော့ အနာဖြစ်တတ်တရ်
စုပါများတော့တောင်ပို့ဖြစ်တရ်လေ

ပင်လယ်ကြီးထုထည်ကြီးမားလိုက်တာလို့ မပြောလေနဲ့
မိုးရေစက်လေးတွေ တစ်ပေါက်ခြင်း ဖွဲ့စည်းထားတာ
သင်..... မသိရော့လေသလား

ဆင်ခြေပေးပြီး ထွက်ပေါက်ရှာတဲ့အခါ
မမှားသောရှေ့နေ မသေသောဆေးသမား
ဒီလိုနဲ့ပဲ
အမှားဝင်္ကဘာထဲက
ထွက်ပေါက်ရှာမရတဲ့ အဖြစ်ကိုတော့
သနားမိပါရဲ့

Monday, March 25, 2013

မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး၏မေတ္တာပို့



CULTIVATING  LOVING-KINDNESS

1.May all beings, be always well and happy.

 

2.May all beings, fearful and fearless, be always

well and happy.

 

3.May all beings, visible and invisible, be always

be  and happy.

 

4.May all beings, living far and near, be always

well and happy.

 

5.May all beings, unborn and being born, be always

well and happy.

 

6.May all being, long, short and medium, be always

well and happy.

7.May all beings, large, small and medium,

be always well and happy.

 

8.May all beings, fat, thin and medium, be always

well be happy. May they be free from 

danger and enmity.

 

9.May all human beings be free from deceiving

one another.

 

10.May all human beings be free from looking

down upon one another.

 

11.May all human beings be free from causing

miseries to one another. 

 

၁.လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ

၂.ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာသတ္တဝါ

ချမ်းသာကိုစိတ် မြဲပါစေ

၃.မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ 

ချမ်းသာကိုယ်စိတ်မြဲပါစေ

၎.ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ 

ချမ်းသာကိုယ်စိတ်မြဲပါစေ

၅.ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ 

ချမ်းသာကိုယ်စိတ် မြဲပါစေ

၆.ရှည်တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ

ချမ်းသာကိုယ်စိတ် မြဲပါစေ

၇.ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ

ချမ်းသာကိုယ်စိတ်မြဲပါစေ

၈.ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ 

ချမ်းသာကိုယ်စိတ်မြဲပါစေ

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

၉.လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

၁၀.အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

၁၁.ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ..။

ကောင်မလေးထံသို့ပေးစာ

ကောင်မလေးရေ 

သတိုးရဲ့စာအရေးသားက အချစ်ကဗျာ အချစ်စာတွေမဟုတ်လေတော့ ကောင်မလေး

အတွက်ဖတ်ရတာactive မဖြစ်လာပဲ ငြီးငွေ့ပျင်းရိနေမှာပေါ့နော် 

သတိုးကိုလည်း  ချစ်တတ်တဲ့အသည်းနှလုံးကော ရှိရဲ့လားလို့လည်း ရိုးမရ်ဖွဲ့နေချင်နေမှာပေါ့

ကောင်မလေးရေ သတိုးမှာ အသည်းနှလုံးမရှိရင် သတိုး ဘယ်လိုအသက်ရှင်ပါ့မလဲ

တကယ်တမ်းကျတော့  ကောင်မလေးရေ တစ်ခါတစ်ခါ မှာ

ရမ္မက်တွေက အချစ်ဟန်ဆောင်ပြီး သတိုးနှလုံးသားတစ်စုံကို လာလာနှောက်ယှက်နေတာကော

ကောင်မလေးသိရဲ့လား ။သိလိုက်စမ်းပါကောင်မလေးရေ 

လူသားတိုင်းမှာ အချစ်ဆိုတာ ဘာသာရပ်တစ်ခုအဖြစ် သင်ကြားစရာမလိုပဲ 

သူ့အလိုလို တတ်မြောက်လာတတ်တဲ့ ကဗျာဆန်တဲ့ တေးသွားတစ်ပုဒ်လိုပါပဲ 

နှလုံးသားရှိသူတိုင်း အချစ်ဆိုတာ မွေးဖွားလာပြီဆိုကတည်းက သန္ဓေပါလာကြပြီးသားပါ

ဟုတ်တရ်မို့လားကောင်မလေးရေ ...စဉ်းစားကြည့်လိုက်စမ်းပါ

ကောင်မလေးရေ...

****အချစ်ဆိုတာ ဆားငန်ရေကိုသောက်ရသလိုပဲ****

အဲဒီလိုဆိုရိုးစကားတွေရှိလေရဲ့နော် 

ဟုတ်မှာပါ အချစ်ဆိုတာ သောက်လေသောက်လေ ငတ်မပြေတဲ့ဆားငန်ရေ သောက်မိသလိုနေမှာပါ

သတိုးလေ...အမိုးချက်တဲ့ ငန်ပြာရည်အတို့မြုတ်ကို စားမိတဲ့တစ်နေ့ အဲဒီနေ့ဟာ

ရေကို ဘယ်လောက်သောက်သောက် ရေငတ်တဲ့သူပမာမျိုးပေါ့

ဝတရ်လို့မရှိတဲ့ ဒီရေဟာ ဆားငန်ရေလို ငန်ပြာရည်ချက်စားလိုက်တဲ့နေ့တစ်နေ့ပါပဲ

ဟုတ်ပါတရ် အချစ်ဆိုတဲ့ဒီသဘောတရားဟာလည်း ဒီအတိုင်းပဲနေမှာပါ

ကောင်မလေးသိထားဖို့က အချစ်ဆိုတာ နှလုံးသားကပေါက်ဖွာားလာတိုင်း

အချစ်မဟုတ်ဘူးဆိုတာကိုပါပဲ

တစ်ခါတစ်ခါ အချစ်ဟန်ဆောင်ပြီး သူ့အလှမှာ ရစ်မူးတတ်တဲ့ ရမ္မက်ဆိုတဲ့ တပ်မက်မှု့ကို

အချစ်လို့သတ်မှတ်မိမှာစိုးလို့ပါ

အချစ်က အချစ်ကို ပြန်သတ်တတ်တရ်လေ ပြီးတော့ အချစ်က အချစ်ကို 

မမြင်နိုင်တဲ့ စွမ်းဆောင်အားတွေပေးတတ်ပါတရ်

အဲဒီတော့ကောင်မလေးရေ 

ကောင်လေးတစ်ယောက်က ကောင်မလေးကို ချစ်ရေးဆိုလာပြီဆိုပါစို့

အဲဒီကောင်လေးက ငါ့ရဲ့အလှတရားမှာ ရစ်မူးနေခြင်းမျိုးလား ငါ မလှတော့ရင်ကော 

ငါ့ကို ဆက်ချစ်နိုင်ပါဦးမလား ဒါမှမဟုတ် သူ့အလိုဆန္ဒတွေပြည့်ဖို့ ငါ့ကိုချစ်ခဲ့ခြင်းပေလား

ငါရဲ့အချစ်ကိုကော တန်ဖိုးထားမြတ်နိုးမှု့ကောရှိရဲ့လား

သူနဲ့ကော ထာဝရလက်တွဲလို့ကော ဖြစ်နိုင်ပါ့မလား သူကကော ငါ့ကို အရာရာမဟုတ်ရင်တောင်

ဘယ်အတိုင်းတာထိ နားလည်ပေးနိုင်စွမ်းရှိသလဲ သူကငါ့ကို ချစ်တရ်ဆိုတော့ သူဟာ

ငါနောက်ကွယ်မှာ ငါ့ထက်သာတဲ့ သူတစ်ယောက်များ ရှိနေဦးမှာလား

ပြီးတော့ ငါ့ရဲ့ဘာသာရေးကိုင်းရှိုင်းမှု့ကို ခွင့်ပြုသူကောဖြစ်ရဲ့လား

သူဟာကော ဘယ်လိုအသိုင်းဝိုင်းမျိုးလဲ ပြီးတော့ကော ဘယ်လိုအဆင့်တန်းမျိုးလဲ 

လူမှု့ဆက်ဆံရေးနယ်ပယ်မှာကော ဘယ်လောက်ဝန်ဆန့်မှု့ရှိသလဲ 

သူဟာ ဘာကိုးကွယ်ယုံကြည်တဲ့သူမျိုးလဲ အားလုံးသိအောင်လုပ်ဖို့ အရေးကြီးတာပေါ့

ကောင်မလေးရေ ရင်ခုန်တတ်တိုင်းအချစ်မဟုတ်ဘူးဆိုတာကိုပါ

အချစ်ဆိုတာ တစ်သက်မှာ တစ်ခါ တစ်ခါမှာ  တစ်ယောက်တည်း သစ္စာရှိနေသူဖြစ်နေဖို့ပါပဲ

ကောင်မလေးရေ ....

***အချစ်ငတ်သော မိန်းမနဲ့ မချစ်တတ်သောယောင်္ကျား****

ဒီစာလေးကို ကြားဖူးတရ် နော် အချစ်ငတ်သူမဖြစ်စေနဲ့ အချစ်တတ်အောင်ပဲသင်ပါ

မချစ်တတ်တဲ့ယောင်္ကျားနဲ့တွေ့ရင် အချစ်ငတ်တဲ့ ကောင်မလေး ပစ်ပြေးသွားမှာစိုးလို့ပါ

ယောင်္ကျားဆိုတာ ကျားဖြစ်တဲ့အတွက် အသားစာ တဲ့ သတ္တဝါလို့တောင်တင်စားပေလိမ့်မရ်

အသားစားသတ္တဝါဆိုတာ သားကောင်ကိုတော့ ချမ်းသာပေးမရ်မထင်နဲ့လေ

ဒီလိုမျိုးတွေရေးရင် သတိုးကကော အသားစားတဲ့ကျားပဲမဟုတ်လားလို့ ရိုးမရ်ဖွဲနေမဲ့ယောင်္ကျားတွေ

ရှိချင်ရှိနေမှာပါ ....

ရှိပါစေကောင်မလေးရေ သတိုးဆိုတဲ့ ငတိက အချစ်ကို ချစ်တတ်အောင်သင်နေတရ်ဆိုတာ

သိချင်မှသိမှာပေါ့ အချစ်ဆိုတာ နှစ်မျိုးနှစ်စားလေ

တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေလို ချစ်ခင်ကြင်နာမှု့မျိုးက တစ်မျိုး

သူကအရောင်မဆိုးထားဘူး အမြဲဖြူစင်တရ် မြင့်မြတ်တရ် 

ကူညီရိုင်းပင်းတတ်တာပေါ့

အရောင်ပါတဲ့ရေလို နှလုံးသားကို နှောက်ကျိစေတဲ့ အချစ်မျိုးကတော့ 

ပြီးတော့ အဲဒီချစ်ခြင်းမျိုးဟာလည်း တစ်ယောက်တည်းပဲ ဖြစ်ချင်တရ် 

အဲဒီအချစ်မျိုးကိုလည်း တန်ဖိုးထားတတ်သလို အဲဒီအချစ်မျိုးကိုလည်း လေးနက်တဲ့ ပြယုဂ်တစ်ခု

ပဲဖြစ်ချင်တရ် ကောင်မလေးရေ သတိုးပြောတာနားလည်နိုင်ပါ့မလား

တစ်ခါတစ်ခါ စဉ်းစားမိတရ် 

အင်တာနက်စာမျက်နှာမှာ အချစ်စာတွေ အချစ်ကဗျာတွေလောက် 

လူသားတွေရဲ့ နှလုံးသားကို active ဖြစ်စေတာကို တွေ့ရတော့

အော် အချစ်အချစ် ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းကို

လှည့်ဖျားသွေးဆောင်တတ်ပါလားဆိုတာ ကိုသိလိုက်ရတရ်

စိတ်မဆိုးနဲ့နော်ကောင်မလေး 

တစ်ခါတစ်ခါမှာ  အွန်လိုင်းပေါ်မှာ အချစ်ရယ် မင်းကိုတော့ကိုယ့်လွမ်းလှပြီ

အချစ်ကော မောင့်ကိုမလွမ်းဘူးလား

မောင့်ကိုလွမ်းတာပေါ့ချစ်သူရယ် ဒါဆိုဖုန်းဆက်လိုက်လေ ကောင်းတာပေါ့ 

ဖုန်းဆက်အပြီး ဘယ်နေရာလာခဲ့ရမလဲ ချိန်းလို်က်လေ ဘယ်နေရာလာခဲ့ပါပေါ့

အဲဒီလိုမျိုးတွေ ခနခနတွေ့ရရင် သတိုးလေ ကောင်မလေးကိုသနားမိပြန်ရော

ကောင်မလေးရေ ကိုယ့်ရဲ့ချစ်သူကို နှလုံးသားနဲ့ချည်းဆုံးဖြတ် လိုက်လေသလား

ခြေတစ်လှမ်း ကုဋေတစ်သန်း ဗိုင်းကောင်းကျောက်ဖိ ဆိုရိုးစကားတွေကော

ပျောက်ကွယ်သွားပြီလား ကောင်မလေးရေ တကယ်တော့ အချစ်ဆိုတာ

တန်ဖိုးထားရမဲ့အရာမျိုးပါ  ကလေကချေအချစ်က ကလေကချေဆန်လွန်းနေမှာပေါ့နော်

ကောင်မလေးရဲ့တန်ဖိုးဟာ ကောင်မလေးသတ်မှတ်ရမဲ့ အရာပဲဆိုတာကော သိစေချင်တရ်

သေချာပါတရ် ကောင်မလေး သတိုးဒီအတိုင်းရေးလို့ ဘယ်ကောင်တွေ ကောင်မတွေက

ငါတို့အတင်းကို လျှောက်ရေးနေသလဲလို့ကော အတင်းတုတ်နေကောင်းပါရဲ့

မတတ်နိုင်ဘူးကောင်မလေးရေ

တန်ဖိုးဆိုတာ တန်ကျေးသိတဲ့သူတဲ့ သူတွေမှပဲ ရှိတာပါ

ဘယ်အရာဖြစ်ဖြစ်ပေါ့ကောင်မလေးရေ 

တန်ဖိုးရှိကြတာပေါ့ အဲဒီတော့ ကောင်မလေးအနေနဲ့

မိမိကိုယ်ကို တန်ကျေးရှိမိန်းခလေးဖြစ်အောင်ကျိုးစားပါလို့ သတိုးတိုက်တွန်းလိုက်ချင်တရ်

နောက်ထပ်လဲကောင်မလေးထံပေးစာများကို ရေးပို့ပေးမရ်နော်

 ကောင်မလေးနားလည်နိုင်ပါစေ 



                          ကလေကချေမဆန်သော အချစ်များစွာနဲ့ ချစ်စွာသော

                                        လေးစားလျှက် (သတိုးဟန်)










Sunday, March 24, 2013

ဦးဘုန်းပြောသော ခေါင်းဆောင်ကောင်းဆိုတာ

*******ခေါင်းဆောင်ကောင်းဆိုတာ********


*ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက်
ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက်
ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
မေတ္တာနန်းတော်ကြီးပိုင်ဆိုင်ဖို့ ပိုပြီးအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေရွှေတွေ စီခြယ်ထားတဲ့
သရဖူကို ဦးခေါင်းမှာဆင်မြန်းဖို့ထက်
အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ
ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက်
တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီးအရေးကြီးတရ်...။

......................................ဦးဘုန်း၊ဓာတု၊မန်းလေး။.................

********WE FOLLOW THE TEACHING OF THE BUDDHA****


********WE FOLLOW THE TEACHING OF THE BUDDHA****
Buddha teaches us , to be a good person , not to do any evils.
1.I abstain from killing any living being.
2.I abstain from stealing.
3.I abstain from committing sexual misconduct.
4.I abstain from telling lie.
5. I abstain from talking intoxicating drinks and drugs.

နှစ်ဆယ့်လေးပစ္စည်းပါ မရသူများကူးယူကြပါ

၁။ ဟေတုပစ္စယော =The Relation by way of Root.

၂။အာရမ္မဏပစ္စယော =the Relation of Object.

၃။အဓိပတိပစ္စယော = the Relation of Dominance

၎။အနန္တရပစ္စယော = the Relation of Contiguity

၅။သမနန္တရပစ္စယော =the Relation of Immediacy

၆။သဟဇာတပစ္စယော = the Relation of Co-Existence

၇။အညမညပစ္စယော =the Relation of Mutuality (Reciprocity)

၈။နိဿယပစ္စယော =the Relation of Dependence

၉။ဥပနိဿယပစ္စယော =the Relation of Powerful Dependence (Sufficing)

၁၀။ပုရေဇာတပစ္စယော =the Relation of Pre-Existence (Antecedence)

၁၁။ပစ္ဆာဇာတပစ္စယော =the Relation of Post-Existence(post occurrence)

၁၂။အာသေဝနပစ္စယော =the Relation of Repetition (Habitual Recurrence)

၁၃။ကမ္မပစ္စယော =the Relation of Action

၁၄။ဝိပါကပစ္စယော =the Relation of effect (Result)


၁၅။အာဟာရပစ္စယော =the Relation of Nutriment (food)


၁၆။အိန္ဒြိယပစ္စယော =the Relation of Control (Faculty)

၁၇။ဈာနပစ္စယော =the Relation of Ecstasy (trance)

၁၈။မဂ္ဂပစ္စယော =the Relation of Path (way)

၁၉။သမ္ပယုတ္တပစ္စယော =the Relation of Association

၂၀။ပိပယုတ္တပစ္စယော =the Relation of Dissociation

၂၁။အတ္ထိပစ္စယော =the Relation of Presence

၂၂။နတ္ထိပစ္စယော =the Relation of Absence

၂၃။ဝိဂတပစ္စယော =the Relation of Separation

၂၄။အဝိဂတပစ္စယော =the Relation of Non-separation.

နှစ်ဆယ့်လေးပစ္စည်းကို ဗုဒ္ဓဘာသာဝင်များ သိစေဖို့အနော်သတိုး ရေးပေးလိုက်ပါတရ်
ဒီနှစ်ဆယ့်လေးပစ္စည်းကို နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် အန္တရာယ်ကင်းလို့ဘေးရှင်းနိုင်ကြပါစေကြာင်း
သတိုး ဒီနေရာကနေပြောချင်ပါတရ် (လေးစားလျှက်) သတိုးဟန်