Monday, January 7, 2013

သူမသိခဲ့ဘူး



လေ့လွင့်ခြင်းဆိုတဲ့စိတ်နဲ့

လမ်းမများထက်မှာ

ငါရဲ့......

ပြေးလွားနေတဲ့စိတ်ကို

ပဲ့ကိုင်ပေးမဲ့သူလည်းမရှိ။

ဝေးနေရမရ်ဆိုတာသိရက်နဲ့

အွန်လိုင်းကနေတဆင့်

သတိရ လွမ်းပြ နှုတ်ဆက်

သံယောဇဉ်ဆိုတာ

သံထည်လိုမာကျောနေပေမဲ့

ဒီသံယောဇဉ်ကြောင့်

ဒဏ်ရာမပါတဲ့ ငါ့နှလုံးသား

သူ့ကြောင့်

တိတ်တိတ်လေးနဲ့ကြိတ်ငိုခဲ့

သူမသိခဲ့ပါဘူး

No comments:

Post a Comment