Wednesday, January 23, 2013

ဗြဟ္မစိုရ်တရားရှင် မေမေ

အနော် ကိုးရီးယားလေးတစ်ကားကြည့်ဖူးတရ်ဗျ...အဲဒီဇာတ်ကားနာမည်က
တစ်ခါတုန်းက တက္ကသိုလ်တဲ့ ဟားဗာတ်မှာရိုက်ထားတာပါ
ကောင်မလေးက ဆေးကျောင်းသူပေါ့ အရမ်းဆင်းရဲတရ်။ သူအဖေက လမ်းဘေးက ကားဂိုထောင်တစ်ခုမှာ
နေရတာ ဆေးကျောင်းသူမင်းသမီးလေးကလည်း ဟားဗာတ်မှာ ဆေးတက္ကသိုလ်တတ်ရင်း
ဘဝကို ရုန်းကန်လှုပ်ရှားရပါတရ် သူအလုပ်က ဘီယာဘားမှာ ဝိတ်တာပေါ့
တစ်နေ့တော့ သူတို့ဘီယာဘားမှာ လူတစ်ယောက် အသက်ရှူရပ်သွားပြီးလဲကျသွားတရ်ဗျ
အဲ သူဆေးကျောင်းသူပီပီ သူတပါးရဲ့အသက်ကို အဲဒီအချိန်မှာ ကယ်ခဲ့ရပါတရ်
လူနာ အသက်ရှုရအောင်လို့ လည်ချောင်းကို ဓါးငယ်နဲ့အပေါက်လေးဖောက်ပြီး ပိုက်တံလေးတစ်ခုနဲ့ လေမှုတ်ပီး နှလုံးခုန်လာအာင်လုပ်ပါတရ် ဒါကို ဆေးကျောင်းက ပါမောက္ခကြီးသိသွားတော့ ဆေးပါမစ်မရပဲ ဒီလိုလုပ်ရကောင်းလားဆိုပြီး ကျောင်းထုတ်ပစ်ပါတရ်။
ဒီအချိန်မှာ သူကို ချစ်နေတဲ့ ဥပဒေကျောင်းသားး သူ့ချစ်သူက သူ့ချစ်သူ ဆေးကျောင်းသူလေးကို သူတတ်ထားတဲ့ဥပဒေပညာရပ်နဲ့ ဖြေရှင်းပေးခဲ့လို့ သူချစ်သူလေး ကျောင်းပြန်တတ်ခွင့်တွေရ
နောက်တော့ သူကို ဂုဏ်ပြုမှတ်တမ်းတွေတောင်ရသွားတာပါ ..။
သူ့ချစ်သူ ဥပဒေကျောင်းသားလေးဖြေရှင်းပေးခဲ့တာက တခြားမဟုတ်ဘူးဗျ
ဗြဟ္မစိုရ်တရားလေးပါးပါပဲပေါ့ ။မေတ္တာ ။ဂရုဏာ ။မုဒိတာ။ဥပေက္ခာ။ ဆိုတဲ့
အနော် တို့ရဲ့ဘုရားရှင်ဟောထားတဲ့တရားတော်နဲ့ပဲ ဖြေရှင်းသွားပါတရ် ဗျာ အနော် ဒီတစ်ကားကို ကြည့်ဖူးတရ် ဒီတစ်ကားကိုပဲ အနော် အရမ်းခရေစီဖြစ်ခဲ့တာပါ ကဲ သူငယ်ချင်းတို့လည်းဒီကားလေးကို ကြုံရင် ကြည့်ကြနော် တစ်ခါတုန်းက တက္ကသိုလ်တဲ့ မှတ်ထားလိုက်ပါ..............

No comments:

Post a Comment