Wednesday, January 30, 2013

နိုဗယ်ဆုရှင် မေမေစု၏ မိခင်နှောင်ကြိုးကို ဖြေပါအံ့ ကဗျာ

မိခင်နှောင်ကြိုးကို ဖြေပါအံ့

သည်းစွာသောအနာကို ကုစားပါအံ့

သမီး၏ လုံ့လဝီရိယဖြင့်

နာလန်ထူပါစေအံ့

မွေးကျေးဇူးကို မသိတတ်သော

ထိုသူတို့အား

သိနားလည်အောင်

ဆွဲဆောင်နိုင်စွမ်းကို

သမီးအားပေးပါလေ

တွေ့ရအံ့သော ဘေးရန်တို့ကို

သမီးထီမည်မဟုတ်

တစ်ဘဝတွင်

တစ်ခါသေရမည်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေ

သမီး၌မထူးခြား

သမီး၏ စိတ်ကူးတို့သည်

အကယ်အဖြစ်သို့

ရောက်သောအချိန်တွင်

အသင်တို့သည်လည်း

ပျော်မြူးကြရမည်

အခြားအခြားသောသူတို့၏

ရှုပ်ချခြင်း

ကဲ့ရဲ့ခြင်း

မုန်းတီးရွံရှာခြင်း

နာမည်ဖျက်ခြင်းတို့ကို

သမီးအလျဉ်းဂရုမပြု

မိခင်ထံမှ "ဒါမှ ငါ့သမီး" ဟူသော

ကျူးရင့်သံကိုသာ တောင့်တပါ၏

လောကတွင် မိခင်၏ ကျေးဇူးကို

အသိတတ်ဆုံးသော သမီးဖြစ်ရပါလို၏...။   ။

No comments:

Post a Comment