Thursday, January 3, 2013

TAKE THE VALUE OF LIFE.

Regret not the Past,

past never  come back.


Long  for not the Future.

Future is not sure.


In present take the value of life

with Knowledge  and Great effort 

by doing what should be done.


ဒီကဗျာလေးကို အနော် ဖတ်ဖူးတရ်...

အတိတ်ကိုတွေး မဆွေးလေနဲ့

အတိတ်ဆိုတာ ပြန်မလာဘူး

အနာဂတ်မှန်းဆ မလွမ်းတနဲ့

အနာဂတ်ဆိုတာ မသေချာဘူး

ပစ္စုပ္ပာန်မှာ လုပ်သင့်ရာဝယ်

ပညာလုံ့လ အသုံးချလျှက်

ဘ၀တန်ဖိုး အားမာန်ကိုး၍

မြတ်နိုးကြည်ဖြူ အရယူလော့။



ကဲဗျာ အနော် ဖတ်ဖူးတာလေးမျှဝေလိုက်တာပါ...
အနော် စဉ်းစားမိတရ် 
တစ်ချို့လူတွေပေါ့နော်
အတိတ်ကိုတွေးပြီး တွေဝေနေတတ်တရ်
မရောက်သေးတဲ့အနာဂတ်ကိုကြိုတွေးပြီး စိတ်ကူးယဉ်နေတတ်ကြတရ်
ယခုလက်ရှိအချိန်ကြတော့
ရက်ရွေ့ဆိုင်းတတ်ကြတရ်
အနော် အပါဝင်ပါပဲ
ဒီနေ့အသိလေးကို ဒီနေ့အကောင်ထည်ဖေါ်ဖို့
နောက်နေ့မှ ဆိုပြီး ရက်ရွေ့ဆိုင်းတတ်တဲ့အကျင့်ပါနေပါတရ်
တကယ်တမ်းကျတော့ ဆင်ခြေပေးတာပါ
ဒီနေ့အသိကိုဒီနေ့အကောင်ထည်ဖော်ဖို့ရက်ရွေ့ဆိုင်းရအောင်
နောက်နေ့မှာ အစိုးရမှုတွေကောရှိပါသလား
Tomorrow is certainly not.
အနော်မေ့နေတာပါ
မနက်ဖြန်ဆိုတာ မသေချာဘူးဆိုတာလေ
ကဲဗျာ ဒီနေ့မိုက်နေတဲ့အနော်နောင်တကို
ဒီနေ့အနော်အကောင်ထည်ဖော်ရင်
ဒီနေ့လူကောင်းလေးတစ်ယောက်ဖြစ်မှာပါ
မလုပ်နိုင်တာ ဘာကြောင့်လဲ
စဉ်းစားကြည့်ပါတရ်
အနော် သတ္တိမရှိသေးဘူး...

No comments:

Post a Comment