Wednesday, February 27, 2013

လှပသောအနာဂတ်ဆီသို့


Coup  d' Etat အာဏာသိမ်းခြင်း.........

အစိုးရတစ်ရပ်ကို ရုတ်ချည်း အကြမ်းနည်းသုံး၍ ဖြုတ်ချဖယ်ရှားကာ အာဏာရယူခြင်းကို

ကူးဒီတာ coup d' etat ဟုခေါ်ပါသည် ။  စစ်တပ်ကသော်လည်းကောင်း ၊ စစ်တပ်၏အကူညီဖြင့်

 သော်လည်းကောင်း ။ အာဏာကို သိမ်းယူလေ့ရှိသည် ။ 

အာဏာသိမ်းယူခြင်းသည် လူ့မှု့ရေး မတည်ငြိမ်မှု့များ နိုင်ငံရေး အရှုပ်ထွေးများဖြစ်ပေါ်နေချိန်တွင်

ပေါ်ပေါက်တတ်ပါသည် ။

သို့ကြောင့် စစ်အာဏာ ဝါဒီသို့ မပြန်လိုသူများသည် ဒီအချက်လက်များကို မိမိတို့ကိုယ်တိုင် သိသင့်ပေ

သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအတွင်းမတည်ငြိမ်မှု့များ ပြည်နယ်ပြည်မ

ခွဲခြား နေမှု့များကြောင့် စစ်အာဏာရှင်တို့၏ စနစ်ဆိုးများကို ကျရောက်ပြီး မြန်မာနိုင်ငံ၏ 

အလင်းရောင်များ အမှောင်ညများစွာ ဖြတ်သန်းခဲ့ရဖူးသည် ။ 

အိုမြန်မာပြည် ....
ညီညွတ်ကြလော့
တိုင်းရင်းသားညီအစ်ကိုများသည်
 မြန်မာနိုင်ငံသားများပင်ဖြစ်သည်
ဘာသာကလည်း ဗုဒ္ဓဘာသာ
လူမျိုးကွဲပြားနေသော်လည်း
ဘာသာအားဖြင့်တူနေ၏။
သို့ကြောင့် အနော်တို့ရဲ့
နိုင်ငံရေး စီးပွားရေးအမြင်များကို
မိမိ တစ်စုံတစ်ဦးကြောင့် 
မပျောက်ဆုံးသင့်။

အနော်တို့မြန်မာနိုင်ငံသည် သံယံဇာတ ပေါကြွယ်ဝသော်လည်း 
အသုံးမချတတ်သော အတွေးမြင်နည်းပါးသောကြောင့် ဆင်းရဲတွင်းနက်နေကြပါသည်။
သို့ကြောင့် တိုင်းရင်းသားညီအကိုချင်းချင်း စည်းစည်းလုံးလုံးနှင့် အတူတကွ 
လက်တွဲပြီး လှပတဲ့အနာဂတ်ဆီသို့ ချီတတ်ကြပါစို့လို့ အနော်သတိုးဟန် တိုက်တွန်းလိုက်ပါသည် ။
 

No comments:

Post a Comment