Friday, December 28, 2012

ငါသာအတောင်ပံတွေရှိခဲ့ရင်

ငါသာ တောင်ပံတွေရှိခဲ့ရင်

အဝေးရောက် မင်းတစ်ယောက်ဆီ

ပျံသန်းလာချင်တာပေါ့

မင်းနဲ့မဝေးချင်တဲ့အရပ်မှာ

ကံကြမ္မာလှည့်ကွက်တွေကြောင့်

မဝေးချင်တဲ့ ငါ

.မင်းနဲ့ဝေးနေရတရ်

မိုင်ထောင်ချီ ဘယ်လောက်ဝေးဝေး

ငါ့နှလုံးသားက မင်းဆီမှာ

ထားခဲ့ပြီးပြီလေ

ငါကျေနပ်တရ်

မင်းသိပါစေ

မင်းရဲ့နှလုံးသားတစ်နေရာမှာ

ငါ့ရဲ့ဝိညာဉ်လိပ်ပြာလေးရှိနေတရ်ဆိုတာ





 

No comments:

Post a Comment