Saturday, December 29, 2012

အဖြူရောင်ချစ်ခြင်း

ဆောင်းမီးဖိုလေးလို
နွေရောက်ရင် စွန့်ပစ်ထားခဲ့ပါ
မင်းအတွက် အသုံးမ၀င်တော့ဘူးထင်ရင်ပေါ့
နွေခြောက်သစ်ပင်ကြီးလို
အမောပြေသွားရင် ချန်ရစ်ထားခဲ့ပါ
မင်းအတွက် အသုံးမ၀င်တော့ဘူးထင်ရင်ပေါ့
ကိုယ့်ဘ၀အစိတ်အပိုင်းတွေကို
မင်းကြိုက်သလောက် အသုံးပြုနိုင်ပါတရ်
အဖြူရောင်သစ္စာမှာ
တခါးမရှိ..ဓါးမရှိ..အမုန်းမရှိဘူး
သူငယ်ချင်း...


No comments:

Post a Comment