Wednesday, December 19, 2012

လ၀န်းထဲက တို့နှစ်ယောက်

ကို.................
လပြည့် ညရောက်တိုင်း
လပြည့်ဝန်းကြီးကိုကြည့်လိုက်ပါ
ဝသန်တို.လဝန်းမှာဆုံမယ်လေ
ဝသန်တို.နှစ်ယောက်ရဲ့လပြည့်ညလေးဟာ
အဓိပ္ပါယ်ရှိသောအလွမ်းဖြေစရာလေးဖြစ်ပါစေ
လပြည့်ဝန်းဟာ
နေမင်းကြီးကိုအံတုပြီးလောကအတွက်
အလင်းဓါတ်တွေက်ုရစေတယ်
ကို
ရောက်တိုင်းရောက်တိုင်းသောလပြည့်တိုင်းမှာ
လဝန်းကိုအံတုပြီး
ဘယ်သူမှလောကအတွက်အလင်းရောင်မပေးနိုင်ပါဘူး
ပိုးစုန်းကျူးလေးလဲသစ်ပင်အောက်ငုံပြေးရတယ်
အကုဋေမကသောကြယ်တွေလဲ
တိမ်ကြားမှာပုံးလျှိုနေရတယ်
ကြည့်လိုက်စမ်းပါကိုရယ်
စမ်းချောင်းလေးထဲမှာထိုးကျနေတဲ့လရောင်ဟာ
ဘယ်လောက်ကြည်နှုးဖို.ကောင်းလဲ
လရောင်ကြောင့်
ရေကန်ထဲကကြာပန်းတွေဟာ
သာယာလှပတဲ့လောကကိုကြည့်ပြီး
သူတို.ရဲ့ ရနံတွေကိုထုတ်လွှတ်ပေးနေတယ်
ညဥ့်ငှက်ကလေးတွေဟာ
စည်းဝါးမညီတဲ့တေးသံတို.ကိုကျူးရင့်ကြပေမယ့်
လပြည့်ဝန်းကြောင့်သာယာနာပျော်ဖွယ်ဖြစ်ရတယ်
ပုစဉ်းရင်ကွဲလေးတွေဟာသစ်ပင်တွေအိပ်စက်ဖို.
တေးဆိုပေးရတယ်
လေပြေလေးတွေဆော.ကစားတော.
သစ်ရွက်ကလေးတွေလည်းကြည်နူးဖွယ်သံစဉ်လေးတွေဖြစ်လာတယ်
လပြည့်ညရဲ့ရူခင်းလေးဟာ
သိပ်ကိုသာယာတာပါပဲ ကို
အဲလိုကြည်နူးဖွယ်ကောင်မးတဲ့လပြည့်ညတိုင်း
ကို နဲ့ ဝသန် လဝန်းကြီးထဲမှာ
ဆုံရအောင်နော်................။

...........မိုးဝသန်ကို..............

No comments:

Post a Comment