Saturday, December 29, 2012

နားလည်မှု့ကင်းမဲ့ဇုန်


ဗီဇနဲ့ဝန်းကျင်က
နေ့စဉ်ညီမျှမှု့မရှိလို့
ငါအတ္တတွေက
ငါ့ကို သိပ်ပင်ပန်းစေတရ်
တစ်နေ့စာ
မျက်နှာထားတွေနဲ့
လမ်းလျှောက်ပြန်တော့လည်း
အမှတ်ရမှု့တွေက
ငါ့ကို ပြက်ရယ်ပြုပြန်တရ်
ကံကြမ္မာကို မျှော်လင့်တော့တတော့
ဥပေက္ခာပြုခံရတရ်
ယခုဘာလဲလို့
ကြိုးစားကြည့်ပြန်တော့
လောကဓံကရိုက်ချိုးပစ်ခဲ့တရ်
ဝီရိယကို
မြဲမြံစွာဆုပ်ကိုင်ပြီဆိုတော့
ကိုးဆယ့်ခြောက်ပါးက  
ငါ့ကိုနှိပ်စက်တရ်
အကြိမ်ကြိမ် ငါ့ကိုငါ
ကြိုးစားထနေရင်း
နောက်ဆုံး
လူတွေက ငါ့ကိုကြည့်ပြီး
တစ်ချို့ကရယ်သွားကြတရ်
တစ်ချို့က မဲ့သွားကြတရ်
တစ်ချို့က ခပ်လှမ်းလှမ်းကနေ
ရှောင်သွားကြတရ်
ငါ့ဘ၀ဖြစ်စဉ်တွေပါ
အကြည့်တွေကနေတစ်ဆင့်
အရှိတိုင်းပြထားတဲ့ဘ၀ကို
ဘာကြောင့်များ
ထိုးနှက်ချင်ကြတာလဲကွာ+

No comments:

Post a Comment