Sunday, March 24, 2013

ဦးဘုန်းပြောသော ခေါင်းဆောင်ကောင်းဆိုတာ

*******ခေါင်းဆောင်ကောင်းဆိုတာ********


*ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက်
ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက်
ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
မေတ္တာနန်းတော်ကြီးပိုင်ဆိုင်ဖို့ ပိုပြီးအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေရွှေတွေ စီခြယ်ထားတဲ့
သရဖူကို ဦးခေါင်းမှာဆင်မြန်းဖို့ထက်
အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ
ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုအရေးကြီးတရ်

*ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက်
တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုပြီးအရေးကြီးတရ်...။

......................................ဦးဘုန်း၊ဓာတု၊မန်းလေး။.................

No comments:

Post a Comment