Saturday, December 29, 2012

အဖြည့်ခံနှလုံးသား


ချစ်သူ..
ပွင့်လာတဲ့ပန်းကို ခူးဆွတ်ဖို့
ကိုယ်မရည်ရွယ်ပါဘူး
မင်းရဲ့ဘ၀ မင်းရဲ့အလှ
ထာဝရလှပဖို့
ရေလောင်းမြေဆီထည့်နေတဲ့
ဥယျာဉ်မှုးတစ်ယောက်ပေါ့
ချစ်သူ..
မင်းသာပွင့်နေတဲ့ပန်းရဲ့
ဝတ်မှုံလေးဖြစ်မယ်ဆိုရင်
ကိုယ်ဟာ
ပွင့်ချပ်လွှာလေးအဖြစ်နဲ့
မင်းအနားမှာခိုကပ်မနေချင်ပါဘူး
မင်းဘ၀လေးထာဝရလန်းဆန်းရှင်သန်ဖို့
ပင့်တင်ထားတဲ့
ညှာတံရိုးလေးအဖြစ်တည်ပရစေ ချစ်သူ..

No comments:

Post a Comment