Friday, December 28, 2012

မေမေရဲ့စကားလေးများ




ကျွန်မတို့မိသားစု အမြဲသုံးနေတဲ့ ချင်းစောင်တွေကို ညဘက်မှာ ကျွန်မထပ်ပြီးခြုံရင် ကျွန်မအတွက်ကတော့ ဆောင်းရာသီစပါပြီ။ ချည်သားထူထူနဲ့ အစင်းတွေ၊ အကွက်တွေဖော်ကာ ရက်လုပ်ထားတဲ့ ဒီချင်းစောင်တွေမှာ အစိမ်း၊ အနီနဲ့ နီညိုရောင်တွေကိုပဲ ပုံစံအမျိုးမျိုးနဲ့ သုံးပါတယ်။ ကျွန်မတို့တစ်တွေ ကလေးဘ၀ကတည်းက ကိုယ်ရဲ့စောင်ကိုပဲ စွဲစွဲမက်မက်နဲ့ ခြုံလေ့ရှိပါတယ်။ ကျွန်မမှတ်မိနေတာကတော့ အစိမ်းကွက်နဲ့စောင်ကို ကျွန်မ စွဲစွဲမြဲမြဲနဲ့ နောက်ဆုံး ဟောင်းနွမ်းဆွေးမြေ့တဲ့ အထိ သုံးခဲ့တာကိုပါပဲ။



No comments:

Post a Comment