Wednesday, December 26, 2012

ပညာရှိစကားများ

 
ဘ၀မှာ
အောင်မြင်မှု့အတွက် အနှောက်ယှက်ပေးဆုံးအလုပ်မှာ
မလုပ်မီက မဖြစ်မှာ စိုးရိမ်ခြင်းနှင့် မလုပ်ဖြစ်ခြင်းပင်ဖြစ်သည်..။
 
သင်သည် သင့်ကံတရားအတွက် အရေးကြီးသော ဗိသုကာဖြစ်ပေသည်၊
သေခြင်းနှင့်ရှင်ခြင်းသည် 
ဘ၀အတွက် ပြောင်းလဲမှု့မရှိသော
ဖြစ်ရပ်များဖြစ်သည့်  သေခြင်းနှင့်ရှင်ခြင်းကို
သတိပြုနေမည့်အစား
မိမိကံတရားအတွက် တိုးတက်ကောင်းမွန်အောင်သာ
ဂရုပြုသင့်လှ၏ ။
 
အသိပညာတိုးတက်ဖွံဖြိုးခြင်းသည်
မိမိအတွင်းသန္တာန်တွင် ကိန်းဝပ်နေသော စွမ်းအားများကို
ထုတ်နှုတ်သုံးစွဲနိုင်မှသာ ရရှိနိုင်သည်၊
လူတိုင်း  စွမ်းအားရှိသော်လည်း 
လူတိုင်းထုတ်ယူသုံးစွဲခြင်း မပြုနိုင်သဖြင့်
အောင်မြင်မှု့ရခြင်း   မရခြင်း ၊ ချမ်းသာကြွယ်ဝမှု့ အနိမ့် အမြင့်ကွာခြားသွားခြင်းဖြစ်ပေသည်...။
 
ဘ၀တွင်
အဆင့်မြင့်မားသော နေရာသို့ရောက်ရန် 
ရည်ရွယ်ချက်ရှိသူသည်
လောကအတွင်းလောကအပြင်
မည့်သည့်နေရာတွင်ရောက်နေသည်ဖြစ်စေ
မိမိရည်မှန်းချက်ရောက်စေရန်
ဦးလည်မသုန်ဆောင်ရွက်ရမည့်တာဝန်ရှိပေသည်။ 

No comments:

Post a Comment