Thursday, December 27, 2012

ကွက်လပ်မဲ့အလွမ်း

အနမ်းတုတွေမှန်း

သိလိုက်ရတဲ့အချိန်က

နှလုံးသားတစ်ခုလုံးနစ်ဝင်နေပြီလေ

တားမရဘူး

သစ်ရွက်တွေ

အလိုလိုကြွေနေမှန်းသိလျှက်

စွဲလန်းတတ်တဲ့ရင်အစုန်က

သူ့ကို လွမ်းတလွန်းတရ်

ကြေမွကြေကွဲ ပြိုလဲဆဲပဲလေ...


သူရေ

တကယ်ဆို

တစစီလွင့်ကြွေကျအလွမ်းတွေ

တခန်းရပ်

အနားသတ်မပေးချင်တောင်

ကြေကွဲနာ ဒဏ်ရာပရပွနဲ့

နာကျင်ဆဲနှလုံးသားတစ်ခုရဲ့

နားခိုရာ

ကွက်လပ်တစ်ခုတော့

ငါ့ကိုပေးပါ..

No comments:

Post a Comment