Monday, December 24, 2012

ငါရေးတဲ့ကဗျာ

ငါရေးတဲ့ကဗျာ
စာမူမှာပါချင်ပါ မပါချင်နေ
ရွေးချယ်သူ ကဏ္ဍပေါ့

ငါရေးတဲ့ကဗျာ
ကောင်းချင်ကောင်းမရ် ဆိုးချင်ဆိုးမရ်
ခံစားသူ ကဏ္ဍပေါ့

ငါရေးတဲ့ကဗျာ
ကမ္ဘာက မသိချင်နေပါစေ
ဦးနှောက်နဲ့ရင်း
နှလုံးသားကရုပ်ကြွင်းတွေမို့
ကဗျာသာလျှင် 
ငါ့အတွက်အဖော်
တကယ်ဆိုရင် 
ဘ၀က ကဗျာမဆန်စေဦးတော့
ငါ့အတွေး ငါ့အရေး
ငါ့မနက်ဖြန်တွေဟာ
ကဗျာဆန်ဆန်လှမရ်ဆိုရင်
ငါ...သေပျော်ပါပြီ...ချစ်သူ

ရင်ထဲက လာခြင်းသာ ကဗျာဆိုရင်
ကိုယ်...မင်းကိုချစ်တရ်...

No comments:

Post a Comment