Monday, February 18, 2013

WHAT IS DEMOCRACY?

ဒီနေ့ အနော်တင်ပြချင်တာကတော့ ဒီမိုကရေစီဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်လေးပါ...။
OXFORD  LEARNER'S  POCKECT DICTIONARY.မှာ ဖွင့်ဆိုချက်လေး။
ဒီအကြောင်းကို အနော်ဘာလို့တင်ပြတာလဲလို့မေးရင်  အခုအချိန်မှာ
အနော်တို့မြန်မာနိုင်ငံကြီးက လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အဲဒီလို ပါပဲ
အနော်မကြာမကြာဆိုသလို ကြားနေရတာပါ...။
ဒီမိုကရေစီဆိုတာ ဘာလဲ ခင်ဗျားလည်းသိချင်မှာပဲ အဲ တစ်ခုတော့ရှိသဗျ...
အားလုံးကိုတော့ သိချင်နေမှာပဲလို့တော့ မဆိုလိုချင်ပါဘူး...ဘာလို့လည်းဆိုတော့
လူဆိုတဲ့ သတ္တဝါက ခက်တော့ခက်သားဗျ ။ အမှန်တရားရဲ့ နောက်ကွယ်မှာ နေချင်တဲ့သူကလည်း
ရှိနေသေးရဲ့ ..။အဲဒီတော့ အနော်တင်ပြလိုက်တဲ့ ဒီမိုကရေစီဆိုတဲ့ အကြောင်းအရာကို 
စိတ်ဝင်စားသူရှိသလို စိတ်မဝင်စားတဲ့သူလည်းရှိနေကောင်းပါရဲ့ပေါ့။
ဒီမိုကရေစီဆိုတာဟာ
System of  goverment  in which all the people  of  a country  can vote  to elect their representatives.
ကဲ System of goverment အစိုးရ ၏ စနစ်  တဲ့။ ကဲ ဘယ်လိုအစိုးရစနစ်လဲပေါ့။
in which all the people of  a country နိုင်ငံတစ်နိုင်ငံရဲ့ လူသားမျိုးနွယ်စုအားလုံးထဲက အစိုးရပေါ့  ။
Can vote to elect their  representatives. အဲဒီအစိုးရကလဲ သူတို့အားလုံး သဘောတူရွေးချယ်တင်မြှောက်
ထားတဲ့ ကိုယ်စားလှယ်ကို မဲဆန္ဒပေးတင်မြှောက်နိုင်ခြင်း. . . .။ 

ဒါကိုကြည့်ရင် ကိုယ့်ဆန္ဒ ကိုယ့်သဘောနဲ့ အစိုးရလုပ်လို့မရဘူး ။ ပြည်သူတွေဆိုတဲ့ လူသားမျိုးနွယ်စုအားလုံး
က  ဒီသူဟာတော့ ခေါင်းဆောင်ဖြစ်ထိုက်တရ် ။ သူသာခေါင်းဆောင်ဖြစ်ရင် ငါတို့ရဲ့ အသက်အိုးအိမ်
စည်းစိမ်တွေ တစ်နေ့တခြား တိုးတတ်ပြောင်းလဲနိုင်တာတရ် ။ စီမံခန့်ခွဲရေး နည်းပညာ
ပေါင်းသင်းဆက်ဆံမှု့ အတွေးအခေါ်ရင်ကျက်မှု့  ကမ္ဘာကို ရင်ဘောင်တန်းနိုင်တဲ့ အရည်အချင်း
ဒါတွေအားလုံးကိုကြည့်ပြီးမှပဲ အော် ဒါ ငါတို့တင်မြှောက်သင့်တဲ့သူပါလားဆိုပြီး 
သဘောတူမဲဆန္ဒပေးပြီး ပြည်သူက ပေးလိုက်တဲ့ ပြည်သူအာဏာရှင် အစိုးရပါပဲ..

နောက်တစ်မျိုးဖွင့်လိုက်သေးတာဗျ..
FAIR  AND EQUAL TREATMENT OF EVERYONE IN AN ORGANIZATION.
ဘယ်လိုလေးလဲဆိုတော့ Fair and  equal  treatment  တရားမျှတမှု့နဲ့ တန်းတူညီမျှပြောဆိုဆက်ဆံရမရ်.။
of everyone in an organization အဖွဲ့အစည်း ထဲက လူတွေအားလုံးကပေါ့
အဲဒီတော့  ပြည်သူကတင်ပေးလိုက်လို့ နေရာတစ်ခု ရသွားတဲ့သူဟာ ပြည်သူရဲ့လိုအပ်ချက်ကို
ပြည်သူက တင်ပြလာရင် လက်ခံစဉ်းစားပေးပြီး တရားမျှတ တဲ့ တန်းတူညီမျှ အုပ်ချုပ်မှု့ စနစ်အောက်မှာပဲ
နေရပါ့မရ်တဲ့ ။ ကောင်းလိုက်တာဗျာ ဒါလေးကို တွေ့ပြီး လူသားအားလုံးဟာ
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အစဦးကတည်းကနေ ချီတတ်ခဲ့မရ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲပေါ့
အနော်တို့အားလုံး ခြေလှမ်းတွေ  တစ်ခြားသောနိုင်ငံတွေနဲ့ယှဉ်ရင်နောက်ကျ ကျန်ခဲ့တရ်
တရားမျှတမှု့မရှိတဲ့ အတိတ်က အရိပ်ဆိုးတွေရဲ့အောက်မှာ အနော်တို့ တဘုန်းဘုန်းလဲကျ
ပြန်ထခဲ့တဲ့ ခြေထောက်တွေကို လည်းရိုက်ချိုး အမျိုးမျိုးသောအဖိနှိပ်ခံဘဝနဲ့ 
အနော်တို့ရဲ့ ဘဝအလင်းတန်းတွေ ပျောက်ဆုံးခဲ့ဖူးတရ်...။သေဆုံးခဲ့ဖူးတရ်  ။

ရယ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိသေးသဗျ . . ။
အနော် အကို ဝမ်းကွဲတစ်ယောက် စာအရမ်းတော်ပါတရ် ။ သူက 2000 ခုနှစ်မှာ ဘာသာစုံဂုဏ်ထူးနဲ့
ဆယ်တန်းကို အောင်မြင်ခဲ့တာပေါ့ အနော်အမျိုးတွေအားလုံး ဝမ်းသာခြင်းပီတိတွေနဲ့ပါ ။
ဒီလိုနဲ့ဆေးတက္ကသိုလ် တတ်တော့ ဆေးကျောင်းသားပေါ့ ။ သိပ်မကြာပါဘူး ဒုတိယနှစ်လောက်မှာ
အနော့်အကိုလည်း နိုင်ငံရေးလုပ်တရ် ပုဒ်မတပ်ပြီး ဖောင်းဖြစ်သွားတာ သူတို့ ဆေးကျောင်းသားတွေလည်း
သူတို့ရဲ့မျှော်လင့်ချက် အိပ်မက်တွေ ဒီမှာအဆုံးသတ်သွားသဗျ ။
ဖြစ်တာကတော့ အမေစုကို ခနတာလွှတ်ပေးလိုက်တဲ့အချိန်မှာ သွားရောက်ပြီးကြိုဆိုခဲ့တာကြောင့်တဲ့ဗျ ။

ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ ကဲ ခင်ဗျားလည်း စဉ်းစားကြည့်စမ်းပါ  ။ သူတို့ရဲ့ကိုယ်ပိုင်
လွတ်လပ်ခွင့်ကို ဘာလို့ ပိတ်ပင်တားဆီး ပစ်လိုက်ရတာလဲ ။ ဒါမလုပ်သင့်တဲ့ အရာတွေပါပဲ 
ဒါတောင် အနော်တို့ကျောင်းသားတွေ နေ့စဉ်အလံတော်ရှေ့မှာ နိုင်ငံတော်အလံကို အလေးပြုပြီးတော့
ရှေ့က တိုင်ခဲ့တဲ့ စာသားကို အနော် အရမ်းမုန်းတီးခဲ့ဖူးတရ် အဲဒါက
(တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ .........တို့ပြည် တို့မြေ ) တဲ့ 
အရမ်းကို တွေးကြည့်ရင် ရယ်စရာဟာသကို စစ်အာဏာရူးတစ်ချို့ အတော်လုပ်ခဲ့တရ်ဆိုတာ
တင်ပြရင်း ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ
အနော်သယ်ရင်းအားလုံးကို  သိစေအပ်ပါကြောင်း. . . .
အားလုံကိုလေးစားလျှက်ပါ . . .။

No comments:

Post a Comment