Wednesday, February 27, 2013

ဒီမိုကရေစီ၏ သဘောထား

ခေတ်သစ်ကမ္ဘာတွင် တန်ဖိုးထားခံရဆုံးနိုင်ငံရေးခံယူချက်မှာ ဒီမိုကရေစီစနစ်ဖြစ်ပေသည် ။

ဒီမိုကရေစီ စကားလုံးသည် ရှေးခေတ် ဂရိစကားလုံးများဖြစ်ကြသော Demos(ပြည်သူ) နှင့်

Kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။   အရွယ်ရောက်ပြီးသူ နိုင်ငံသားများက

နိုင်ငံကို အုပ်ချုပ်မည့် သူများအား ဆန္ဒမဲပေး၍ ရွေးချယ်တင်မြောက်ခြင်းသည် ဒီမိုကရေစီ အခြေခံ

ဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်အရ သတ်မှတ်အရည်အချင်းပြည့်မီသော နိုင်ငံသားတိုင်းသည်

မဲဆန္ဒပေးခွင့် ၊ ကိုယ်တိုင်ပါဝင်ကာ ယှဉ်ပြိုင်အရွေးခံခွင့်ရှိသည်  ။ 

ပြည်သူများက ရွေးချယ်သော ပြည်သူများ၏ ( For the people , by the people , of the  people )

အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည်ဟု ကြွေးကြော်ခဲ့သည် ။

အသိဥာဏ် အဆင့်အတန်း နိမ့်ကျသော တိုင်းသူပြည်သားများက အရည်အချင်းမရှိသော ခေါင်းဆောင်များ

ကို ရွေးမိကောင်း ရွေးမိနိုင်ပါသည် ။ သို့သော် ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်

ခွင့်  လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် များရှိနေသည်ဖြစ်၍ စာနယ်ဇင်းမီဒီယာများက  ဝေဖန်ထောက်ပြခြင်း

ဖြင့် ပြည်သူများ အမြင်ကျယ်လာပြီး နောက်တစ်ကြိမ်တွင် အရည်အချင်း ရှိသူများကို ရွေးချယ်ခွင့်ရနိုင်

သည်ဟု ဆိုနိုင်ပါသည် ။

No comments:

Post a Comment