Sunday, February 24, 2013

အနော့်သယ်ရင်းနန်းလေးရဲ့ရင်ဖွင့်သံ

မန်မာ ဆန်ဆန် မြန်မာ မလေးတွေကို ရင်အေးအေးလေးနဲ့ ကြည့်နေချင်တယ်

မြတ်နိုးတယ် ဆိုရင်....


ကဲ---------

ကိုကိုတို့ရေ....

ကိုကို တို့ ပါ ပြင်ဖို့ လိုနေပြီထင်တယ်နော...
ဘာ့ကြောင့် မြန်မာ အမျိုးသမီးပျိုလေးတွေ အရှက် မဲ့သွားရသလဲ....? ဘာ့ကြောင့် ရိုးရာယဉ်ကျေးမှု ကို လွန်ဆန်ချင်ရသလဲ... ? ဘာ့ကြောင့် အနောက်တိုင်း ရိုးရာ နဲ့ ယဉ်ကျေးမှုကို ခုံမင် ကြသလဲ .... ? ဆိုတာကို နန်း သတိထားမိသလောက်.... နန်း ဥာဏ်မှီ သလောက် နန်း ပြော မယ်နော....

ဘာ့ကြောင့် မြန်မာ အမျိုးသမီးတွေ အရှက်သိက္ခာမဲ့ ရိုးရာနဲ့ ယဉ်ကျေးမှုကိုဖီဆန် တိုင်းတပါး ကို အတုခိုးလို့ အသိ တရား ခေါင်းပါးရသလဲ ဆို....

နန်း သိသလောက်က အကြောင်းအရာ သိပ်မများပါဘူး...
အကြောင်းအရာ နှစ်ချက်တည်းရယ်ပါ....

အတုယူတတ်တဲ့ မိန်းကလေးတွေရဲ့ သဘောသဘာဝ အတိုင်း ဖြစ်လို့ရယ်....
အားပေး အားမြှောက် လုပ်တဲ့သူတွေ ရှိလို့ပါ..... ( အားပေး အားမြှောက် လုပ်သူ ရှိလို့ ဆို တာ အပေါင်း အသင်း ကြောင့် လို့ အလွယ် ပြော လို့ရတာပေါ့နော )

အတုယူတတ်တဲ့ သဘာဝ .... ဆိုတာ ဘာတွေလဲ ဆိုတာကိုတော့ ထွေထွေ ထူးထူး ပြောဖို့ မလိုဘူး လို့ နန်းမြင်ပါတယ်.... နိုင်ငံခြား ဗွီဒီယိုတွေကြည့်မယ်... ပြီးတော့ အလှမယ်တွေကြည့်မယ်... ဖက်ရှင်ရှိုးတွေ ကြည့်မယ်.... အဲ့ဒီိလိုတွေ ကြည့်ပြီး သူတို့ အတွေးထဲ မှာ ငါသာ ဒီလို လေး ၀တ်လိုက်ရင် လှလာမှာပဲ ဆိုတဲ့ အတွေး ဖြစ်လာပါတယ်... ပိုလှမယ် ပုရိသ တွေရဲ့ စိတ်ဝင်စားမှုကို ငါခံရမယ် ( ဆန်းပွင့်မယ်ပေါ့ ) နိုင်ငံခြား သူတွေ ကို ဗွီဒီယိုကြည့်ရုံပဲ ဆိုရင် သူတို့ဟာ... စဉ်းစားမှာပါ.. ငါသာ အဲ့ဒီလို ၀တ်ရင်အများက ကဲ့ရဲ့ ရှုံ့ချကြမယ် ရှက်စရာကြီးလို့ သူတို့ တွေးမိမှာပါ... သူတို့ ကိုယ်တိုင်ကလဲ အဲ့ဒီလို ဟိုပေါ် ဒီလှော် အ၀တ်တွေ ၀တ်ရတာကို မျက်စိကျနေတာက တစ်ကြောင့် ရှေ့ကနေပြီးတော့ မြန်မာ သရုပ်ဆောင်တွေ နဲ့... မော်ဒယ် တွေက ပါ ရှေ့က ၀တ်ပြလိုက်တော့... သူတို့မှာ အရှက် လုံးလုံးကင်းသွားရတယ်.. နဂို ကမှ မျက်စေ့က ခပ်ကျကျလေ... ၀တ်ပြ လိုက်တော့ ငါဝတ်ရင်လဲ ဘာမှ မဖြစ်လောက်ပါဘူး ဆိုပြီး ၀တ်လာကြတာပါပဲ.....

နောက်ထပ် အားပေး အားမြှောက်လေးက ၀င်လိုက်တော့ ပြောစရာ မလိုတော့အောင်ကို အရှက် မဲ့သွားကြတာ မဆန်းပါဘူးရှင့်....

အားပေး အားမြှောက်ဆိုတဲ့ နေရာမှာ... မိဘက ကိုယ့်သားသမီး ကလေး ဆန်ဆန်လေး ဂါဝန်လေး စကတ် တိုလေး တွေ ၀တ်တာ တွေ့တော့ ချစ်တဲ့ စိတ်နဲ့ သဘောတကျ အယ်.. ငါ့သမီးလေး အဲ့ဒီ လို လေး ၀တ်တာ ချစ်စရာလေး... အမြဲဝတ်နော.. လို့ အားပေး တတ်ကြတယ်.. မိဘ အာပေး လို့ ၀တ်တုန်းကတော့ လုံလုံခြုံခြုံ ဂါဝန်နဲ့ စကတ် အတိုလေးပါပဲ... နောက်ထပ် အားပေး လိုက်တာက အဆိုးဆုံးပဲလေ....

တကယ်တော့ မိန်းကလေးတွေ ဟိုပေါ် ဒီဖော် ၀တ်လာတာ... အရှက်မဲ့ တာက ယောကျာင်္းလေးတွေ အပြစ်မကင်းဘူး လို့ပြောရင် နန်း မလွန်လောက်ပါဘူးနော...

ဘာ့ကြောင့်လဲ ဆိုတော့....

မိန်းကလေး အတော်များများက အပျိုဖော်ဝင်လာပြီ ဆိုရင် ( အချိန်တန်ရင် ) ကောင်လေးတွေ ရဲ့ ဂရုတစိုက် ရှိမှု အလေးထားမှု နဲ့ တယုတယ ရှိမှုလေးတွေကို မသိစိတ်က နေ ဖြစ်စေ သိစိတ်ကနေ ဖြစ်စေ လိုချင်ကြတာပါပဲ... (ဘယ်လောက်ပဲ အနြေ္ဒ သိက္ခာကြီးတဲ့ မိန်းကလေး ဖြစ်ပါစေ အနည်းနဲ့အများတော့ လိုချင်ကြတာပါပဲ )

ဒီမှာ နန်း ကောင်မလေး နှစ်ယောက်ကို ပထမ ကောင်မလေးနဲ့ ဒုတိယ ကောင်မလေး လို့ သုံးပြီး ပြောသွားမယ်နော...

ပထမ ကောင်မလေးက အစောက နန်းပြောသလိုပေါ့... မင်းသမီးတွေ မော်ဒယ် တွေကို တုပ ပြီး ဂါဝန်တို စကတ်တိုလေးတွေ ၀တ်တော့ သူ့ မိဘ မောင်နှမတွေက သူ့ကိုချစ်စရာကောင်းကြောင့် ချီးကျူး ပေးကြတော့ ကောင်မလေး တစ်ယောက် ဂါဝန်တွေ စကတ်တွေ ၀တ်ဖို့ကို သူ ပိုအားသာလာတယ် ဒီလိုနဲ့ တဖြည်းဖြည်း သူ မြန်မာ့ ရိုးရာ ၀တ်စုံကို သူ မ၀တ်ချင်တော့ဘူး... အနောက်တိုင်း ၀တ်စုံနဲ့သူ ပနံသင့်ပြီ လို့ သူ ဆုံးဖြတ်ထားလိုက်လို့ပါ... အရွယ်ရောက် အပျိုဖော် အရွယ်ရောက်တော့လဲ... သူက အရင်အတိုင်း တိုတို တွေနဲ့ ခပ်ဟော့ဟော့လေး ပဲ နေလာတာကို ကောင်လေးတွေက သဘောတကျ ကြည့်မယ်... ဒီလို စိတ်ဝင်တစား အကြည့်ခံရတာကို သူ ဂုဏ်ယူတယ်...သူ သိပ်ကို ခောတ် လွန်လို့ ကောင်လေးတွေက ကြည့်တယ်.. ဘယ်လို သဘောနဲ့ ကြည့်ကြည့်  သူ့စိတ်ထဲမှာ သာယာသွားတယ်.. သူ ရှေ့ဆက် ကောင်လေးတွေ ရဲ့ ဂရုစိုက်မှု အလေးပေးမှုကို ရယူဖို့ သူရှေ့ဆက်ပြီး အရှက်မဲ့စွာ ဖော်ပြပြီး ၀တ်တော့မှာပါပဲ.....

ကောင်လေးတွေကလဲ ခက်တယ်.... မိန်းကလေး မြန်မာ ဆန်ဆန် ကောင်မလေးနဲ့ ခောတ်ရှေ့ပြေးတဲ့ ကောင်မလေး နှစ်ယောက် အတူ ယှဉ်ပြီး လမ်းဖြတ်လျှောက်သွားကြည့် ဘယ်တော့မှ မြန်မာ ဆန်တဲ့ ကောင်မလေးကို အရင်မမြင်ဘူး ဟိုလိုလေးလှုပ်ပြ ဒီလိုလေး ဖော်ပြမှ အရေးတယူလုပ်ပြီး မိတ်ဖွဲ့ ချင် ကူညီချင်ကြတာ မဟုတ်လား... သူတို့ နှုတ်ကသာ မြန်မာ ဆန်တာလေးကို သဘောကျတယ်.. မြတ်နိုးတယ် လို့ သူတို့ နှုတ်က ကျွေးကြော်နေပေမဲ့ တကယ်တမ်း သူတို့ မှာ ယှဉ်ပြီး အကူအညီ ပေးရတော့မယ် ဆိုရင် ခောတ်မှီတဲ့ မိန်းကလေး ဆီ အရင် ဦးအောင် ပြေးပြီးကူညီချင်ကြတာ မဟုတ်လား...ခောတ်လွန်နေတဲ့ မိန်းကလေး ဆီမှာ ဘယ်လောက်ပဲ ကူညီမဲ့ သူ ပိုနေပါစေ သူတို့က ဦးအောင် အရင် ပြေးပြီး ကူညီချင်ကြတာပဲလေ... ခောတ်လွန်တဲ့ မိန်းကလေးကို ကူညီ လိုက်ရမှ သူတို့ကလဲ ဂုဏ်ယူချင်ကြတော့ အခက်သားပဲလေ... ( နန်း အားလုံး ကို မပြောဘူးနော.. အတော်များများ လို့ ပြောတာပါ အားလုံးမပါပါဘူး ) ( မိန်းကလေး ဆိုတာကိုလဲ အတော်များများကိုပဲ ခြုံပြီးပြောတာပါ... အားလုံးမဟုတ်ပါဘူး... လူများစုကို ပြောတာပါ )

အစောက စာကို ဆက်မယ်နော

ဒုတိယကောင်မလေးက မြန်မာ ဆန်ဆန် ရိုးရိုး ယဉ်ယဉ်လေး နဲက သနပ်ခါး ပါးကွက်ကျား လေးနဲ့ ဆိုတော့ မြန်မာ ဆန်ဆန် မိန်းကလေး ကိုယ့်ရှေ့မှာ ခလုပ်တိုက်ပြီးလဲ သွားရင်တောင်မှ မကူညီပဲ ၀ိုင်းလှောင်မဲ့သူတွေ က တစ်ရာမှာ ၆၀ က သေချာတယ်လေ... ကျန်တဲ့ လေးဆယ်မှာ သံဃာ တော်တွေ နဲ့ နောက်ထပ် တစ်ဆယ်က လူကြီး လူကောင်းတွေ မို့
မြန်မာ ဆန်ဆန် ခပ်ရိုးရိုး သနပ်ခါး ပါးကွက်ကျားလေးနဲ့ ကောင်မလေး ချော်လဲ ခဲ့မယ်ဆိုရင် ကူညီမဲ့ ကောင်လေး က တစ်ရာမှာ တစ်ဆယ် ပဲရှိတယ်လေ...

ပထမ ကောင်မလေးနဲ့ ဒုတိယ ကောင်မလေး အတူ လမ်းလျှောက်သွားရင်လဲ ရှိသမျှ ပုရိသ ရဲ့ ၇၅ ရာခိုင်နှုန်းက ပထမ ကောင်မလေး ဆီမှာပဲမို့ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက သံဃာ တော်တွေ လေ ဒီတော့ ဒုတိယ ကောင်မလေး ဆီရောက်မဲ့ ပုရိသ ရဲ့ မျက်ဝန်း အစုံက တစ်ရာမှာ ငါးရာခိုင်နှုန်းပဲ ရှိတယ်လေ... မိတ်ဆက်တဲ့ အခါလဲ အများ အားဖြင့် ပထမ ကောင်မလေးကိုသာ အပြေးအလွား မိတ်ဆက် ကြမယ်လေ... ဒီတော့ ဒုတိယ ကောင်မလေးက မျက်နှာငယ်ပြန်ရော.... ဒီလိုဒီလိုတွေ ကြိမ်ဖန်များစွာ သူ ကြုံလာတော့ အဲ့ဒီ ဒုတိယ ကောင်မလေးက ပထမ ကောင်မလေးကို တုပ ပြီး ၀တ်ဆင်လာ တော့မယ်.. အဲဒီလို သူ ၀တ်လာရင် ကောင်လေးတွေရဲ့ ဂရုစိုက်မှုကို သူ ချက်ချင်းရမယ် အဲ့ဒီလို ပုရိသ တို့ရဲ့ ဂရုတစိုက် အကူအညီ နဲ့ မိတ်ဆက်မှု ကို သူ ရလာတယ် ဆိုရင်သူဟာ အဲဒီလို မလှုံ မခြုံ ၀တ်ရတာကို သူ မြတ်နိုး သွားတတ်တယ်လေ...

ကဲ........

ကိုကိုတို့ရေ......

ကောင်မလေးတွေ အရှက်မဲ့ ဟိုပေါ် ဒီဖော် ၀တ်နေတာကို ဒေါသ တကြီးနဲ့ အရှက်မဲ့တယ်.. သိက္ခာ မဲ့တယ် ဆိုပြီး အပြစ်တွေတင် ပြောဆိုနေမဲ့ အစား...

ဘယ်လိုလေး လုပ်သင့်တယ် ဆိုတာ ကိုကို တို့ သဘောပေါက်ပါတယ်နော...

အဲ့ဒီ ပထမ နဲ့ ဒုတိယ ကောင်မလေး ထဲမှာ နန်းမပါတော့ဘူး ... နန်းက ဟိုင်းသွားပြီ အသက်က သုံးဆယ်နား နီးနေပြီ ဆိုတော့... နန်းကို ဂရုစိုက်စရာ လိုတော့ဘူး... အခု တင်တဲ့ ပိုစ်က နန်း အတွက် ဟုတ်ဘူးနော... :P :P :P

No comments:

Post a Comment