Sunday, February 17, 2013

စည်းလုံးခြင်းသည် အင်အား

အနော်ငယ်ငယ် ငါးတန်းကျောင်းသားဘဝက အဖြစ်အပျက်လေးကို သတိရမိလို့ပါ
အဲဒီတုန်းက အနော်တို့ ကျောင်းမှာ သောကြာနေ့တိုင်းပေါ့
ကျောင်းသန့်ရှင်းရေးလုပ်ဖို့အချိန်ပို ထားပါတရ်....အဲဒီနေ့မှာ 
ကျောင်းအုပ်ဆရာကြီးက အနော်တို့ ကျောင်းသားတွေကို မြက်ရိုင်းတောကြီးရှင်းပစ်ဖို့
ပြောလာပါတရ် .. ဒါနဲ့ကျောင်းသားတွေ မြက်ရှင်းဖို့လုပ်ကြရတရ် ..ဒါပေမဲ့ 
ကျောင်းသားတွေရဲ့ ရေသာခို တတ်တဲ့အကျင့်တွေပါနေတော့ ဆရာကြီးခိုင်းတဲ့ မြက်ရိုင်းတွေ
မပြီးဘူးဖြစ်နေတရ် ။ တကယ်ဆိုရင် ဒီမြက်ရိုင်းတွေ ကျောင်းသားအင်အားစုနဲ့ ရှင်းပစ်ရင်
သိပ်မကြာတဲ့ နာရီမှာ ပြီးပြတ်သွားမှာ အသေချာပဲ ၊ ဒါပေမဲ့ ကျောင်းသားတွေရဲ့
ရေသာခိုအချောင်နေတတ်တဲ့ အကျင့်ကြောင့် ပြီးရမဲ့ အရာတွေဟာ မပြီးဆုံးနိုင်ပဲရှိနေတာပေါ့။
ဒါကို ကျောင်းအုပ်ဆရာကြီးသိတရ်၊  ဆရာကြီးက အနော်တို့ကို စနေ တနင်္ဂနွေ
အားလပ်ရက်မှာ( စည်းလုံးခြင်းသည် အင်အား ) ခေါင်းစဉ်နဲ့ 
စာစီစာကုံးရေးခဲ့ဖို့ ပြီးတော့ မိမိတို့ရေးသားတဲ့ စာစီစာကုံးဟာလည်း 
ကိုယ်ပိုင်ဖြစ်ဖို့ စာအုပ်တွေထဲက ကူးချတာမျိုးတွေမလုပ်ဖို့  ဆုရတဲ့သူကို
ပထမဆု ထိုက်ထိုက်တန်တန်ချီးမြှင့်ဖို့ပါပြောလိုက်ပါတရ်။
အနော်လည်း ဆုရချင်တာပေါ့ အဲဒီစာစီစာကုံးမှာ ငါ ပထမဖြစ်ကိုဖြစ်ရမရ်ဆိုတဲ့အတွေးတွေနဲ့
အိမ်ပြန်လာပါတရ်။ ပြောသာပြောရတာဗျာ...တကယ်တမ်းရေးပြီဆိုတော့ 
ဘယ်က စလို့ ဘယ်လိုအဆုံးသတ်ရမရ်ဆိုတာ မသိဘူးဖြစ်နေတာ
ဒါနဲ့ အခန်းထဲမှာအောင်းပြီး စဉ်းစားခန်းတွေနဲ့ ရေးလိုက် မကြိုက်ရင် စာရွက်တွေဆုတ်ဖြဲပစ်လိုက်ပေါ့
နောက် တော့ အမိုးက အနော့်ကိုမေးတရ် 
သားလေး ဘာတွေဖြစ်နေတာလဲ သားကြည့်ရတာ ဘာတွေများအလိုမကျပြီး 
စာရွက်တွေခနခနဆုတ်ဖြဲပစ်နေတာလဲပေါ့
ဒါနဲ့ အနော်လည်း စာစီစာကုံးရေးနေတဲ့အကြောင်း ဘယ်လိုရေးရမှန်းမသိတဲ့အကြောင်းပေါ့
အဲဒီလိုပြောပြလိုက်တော့ အမိုးက အနော့်ကို သားရရ် ဒါများလွယ်လွယ်လေးပါ
သားကို အမိုးကူညီမရ်ဆိုပြီး 

သား ငယ်ငယ်က ကျက်ခဲ့ဖူးတဲ့ 
" လှည်းဘီး နွံထဲ ကျွံနေသည်
ကူ၍တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။"

ဒီစာပိုဒ်လေးကို ရွတ်ပြတရ်။ ပြီးတော့ အဖိုးအိုနဲ့သားသုံးယောက်
အဖိုးအိုက သားသုံးယောက်ကို ထင်းစည်း ချိုးခိုင်းတဲ့အကြောင်း
သားသင်ဖူးတရ်မဟုတ်လား 
အဲလိုပဲပေါ့  ထင်းစည်းလို စည်းစည်းလုံးလုံးနဲ့နေရင် အင်အားတစ်ခုဖြစ်စေတရ်ပေါ့
သားအဲဒီစာတွေကို အခြေခံရေးရင်
သား ပထမဆုရမှာ သေချာတရ်လေ
အဲဒီလိုအားပေးတာပါ
အနော်လည်း မဖြစ်ဖြစ်အောင် အမိုးပြောတဲ့အတိုင်းရေးတရ် 
နောက်တစ်ပါတ်မှာ အနော် ပထမဆု ဆွတ်ခူးရရှိသွားပါတရ် 
အနော်ပြောချင်တာက အနော်တို့ နိုင်ငံမှာလည်း
ဒီလိုမျိုးစည်းစည်းလုံးလုံးနဲ့ မခိုမကပ်ပဲ အလုပ်လုပ်ကြမရ်ဆိုရင်
အရာအားလုံးဟာ အကောင်းတိုင်းဖြစ်နေမှာပါ
အနော်တို့ မြန်မာနိုင်ငံ သူ့ကျွန်အဖြစ်က လွတ်မြောက်ခဲ့တာ
1948 january 4  ကတည်းက လွတ်လပ်ရေးရခဲ့တာပါ
ရတာပဲရှိတရ် အနော်တို့ရဲ့နိုင်ငံမှာ ဒီမိုကရေစီဆိုတဲ့
လူ့အခွင့်အရေးတွေ ပျောက်ဆုံးခဲ့တရ် 
ဘာမဟုတ်တဲ့ စစ်အာဏာနဲ့ အနော်တို့ရဲ့ အလင်းတန်းတွေကို
အမှောင်ချခြင်းခံခဲ့ရတရ်
ကိုယ့်လူမျိုးအချင်းချင်း မလွတ်လပ်ခြင်း အဖိနှိပ်ခံဘဝနဲ့ နေခဲ့ရတရ်
အပြစ်မဲ့တဲ့ ကျောင်းသားကျောင်းသူတွေ ပြည်သူတွေ ရဟန်းရှင်တွေ
အသက်နဲ့ ခန္ဒာကို အများကြီးစတေးခဲ့ရတရ်
အသည်းလည်းနာတရ် တကယ်ဆိုရင်
ဒီမိုကရေစီဆိုတဲ့ လူ့အခွင့်ရေး တွေရခဲ့မရ်ဆိုရင်
အနော်တို့တိုင်းပြည်ကြီး ဆင်းရဲစရာအကြောင်းမရှိဘူး
ဒီမိုကရေစီဆိုတာ = ဒီမို(ပြည်သူ)ကိုပြောတာပါ
ကရေစီဆိုတာ (အာဏာ) 
ဘာသာပြန်ရင် ပြည်သူ့အာဏာပဲ
ခေါင်းဆောင်ဆိုတာ ဖခင်ပါ
ပြည်သူကတော့သားသမီးနဲ့တူတရ်
သားသမီးတွေဖြစ်ချင်တဲ့ ဆန္ဒတွေကို မိဘနဲ့တူတဲ့ ခေါင်းဆောင်တွေက
အားလုံးဖြည့်ဆည်းပေးရမှာပါ
ခု အဲလိုမဟုတ်ခဲ့ဘူး 
သားသမီးနဲ့ တူတဲ့ ပြည်သူတွေက ဖြစ်ချင်တဲ့ ဆန္ဒတွေဖော်ထုတ်ရင်
အဲဒီပြည်သူကို ပုဒ်မတွေ အမျိုးမျိုးတပ် ဖမ်းဆီးချုပ်နှောင် ခြင်းအလုပ်နဲ့ 
ကိုယ့်အတ္တတွေအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စစ်အာဏာရူးတွေကြောင့် အနော်တို့မြန်မာပြည်မှာ
နောက်ကျကျန်ခဲ့တာ အသည်းနာစရာပါ
အဲဒီတော့ အနော်တို့အားလုံးဆင်းရဲခဲ့ကြတရ် နောက် အဲဒီဆင်းရဲတွင်းက မလွတ်တော့
ကိုယ့်နိုင်ငံမှာ တောင် အလုပ်အကိုင်အဆင်မပြေတော့ သူတစ်ပါးတိုင်းပြည်မှာ
ဆက်ပြီးအလုပ်လုပ်ရတရ် 
ဂျော်ဒန်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးလေးတွေအကြောင်းကြားရပြန်တော့ 
အနော်စိတ်မကောင်းစရာပါ
ပြောလည်း မပြောချင်တော့ပါဘူး

အနော်တို့မြန်မာနိုင်ငံဟာ
စည်းစည်းလုံးလုံးနဲ့ ကိုယ်နိုင်ငံ ကိုယ့်လူမျိုး အတွက် 
အလုပ်လုပ်ကြမရ်ဆိုရင် 
အနော် ဘယ်လောက်ဝမ်းသာလိုက်မလဲဆိုတာ 
တင်ပြရင်း 
အနော်ရဲ့ အတွေးကို တင်ပြအပ်ပါတရ်
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့...................


No comments:

Post a Comment