ဘ၀မှာအရေးကြီးဆုံးဟာဘာလဲ...
လူသားတိုင်းပေါ့
ဘ၀မှာ
ဂုဏ်သိက္ခာရှိသောအဆင့်တန်းမြင့်သောဘ၀ကိုတောင်းတတတ်ကြလေရဲ့
ထိုသို့ဖြစ်လိုသဖြင့်လည်း
အများသူငါထက်သာစေရန်
အမြဲထာဝစဉ်ကြိုးစားနေကြလေရဲ့
လူသားတိုင်းမှာ
နေ့စဉ်နဲ့အမျှ
ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးနဲ့ပါဝင်ပတ်သတ်နေရတာပါ
အဲဒီပတ်ဝန်းကျင်က
ကောင်းတာရောမကောင်းတာရော
နေ့စဉ်နဲ့အမျှပါပဲ
ဒါကြောင့်ပတ်ဝန်းကျင်ဟာ
ငါတို့ဘ၀ရဲ့တံခါးတွေပဲ
ငါတို့အ၀င်မှားရင် မှားမှာပဲ
အ၀င်မှန်ရင်တော့သက်သာတာပေါ့နော်
ငါတို့မှာနေ့စဉ်ပဲ
တွေ့နေရတဲ့ဟောဒီပတ်ဝန်းကျင်က ၅၀%တော့ဆိုင်နေတာပါ
ကျန်၅၀%ကတော့
ငါတို့နဲ့ပဲဆိုင်နေပါတရ်
ငါတို့အားလုံးဟာ
ဗီဇဆိုတဲ့မျိုးစေ့တွေညံ့ဖျင်းနေရင်
ဘယ်လောက်ကောင်းတဲ့ပတ်ဝန်းကျင်နဲ့တွေ့တွေ့
ဘယ်တော့မှ ကောင်းကောင်းရှင်သန်နိုင်မှာမဟုတ်ပါဘူး..။
မျိုးစေ့ကောင်းပြန်တော့လည်း
ပတ်ဝန်းကျင်ဆိုးတွေနဲ့တွေ့ပြန်တော့
ငါတို့အားလုံးရဲ့ဘ၀တွေက
ကောင်းကောင်းမရှင်သန်နိုင်ကြပြန်ဘူး
အဲဒီတော့
ငါတို့အားလုံး
ပတ်ဝန်းကျင်ကောင်းရရ်
ငါတို့ရဲ့ကောင်းမြတ်တဲ့စိတ်ဓါတ်တွေကိုရှာဖို့လိုနေတရ်ပေါ့
No comments:
Post a Comment